စိတ်ပိုင်းဆိုင်ရာ သန်မာခြင်းဆိုတာကို ဘာပေတံနဲ့တိုင်းလဲလို့မေးထားရင်တော့  သေချာတဲ့အဖြေတစ်ခုရယ်လို့တော့ မရှိပါဘူး။ စိတ်ဓာတ်ကြံခိုင်ခြင်းဆိုတာက တစ်ယောက်နဲ့တစ်ယောက်လည်း မတူနိုင်သလို ဘဝအခြေအနေခြင်းလည်းမတူညီတဲ့အတွက် အမျိုးမျိုးကွဲပြားသွားနိုင်ပါတယ်။ အများက ကိုယ့်ကိုသတ်မှတ်ထားတဲ့ သန်မာတဲ့အမျိုးသမီးတစ်ယောက် တော်ရုံတန်ရုံလောကဓံကိုတော့ သူကအေးဆေးပဲဆိုတဲ့ ဝေဖန်ချက်တွေကလည်း တကယ်တော့ ကိုယ့်ကိုယ်ကိုယ်အဖြေရှာဖို့တော့ ခက်လှပါတယ်။

တကယ်သန်မာပြီး စိတ်ပိုင်းဆိုင်ရာ Strong ဖြစ်တဲ့သူတစ်ယောက်ဖြစ်လာဖို့ဆိုတာကလည်း ထင်သလောက်မလွယ်ကူပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရအောင်လည်း ကြိုးစားရသလို ဘယ်အရာမဆို တဖြည်းဖြည်းဖြစ်လာတတ်ပါတယ်။ ကဲ့ဒီလိုဆိုရင် စိတ်ဓာတ်သန်မာတဲ့ မိန်းကလေးတွေရဲ့အချက်က ဘယ်လိုမျိုးရှိလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

ခံယူချက်ပြင်းပြခြင်း 

သူတို့တွေက ဘဝရဲ့ပြဿနာတွေကို တော်တော်များများခံလာရတဲ့သူတွေ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်တိုင်ကလွဲပြီး တစ်ခြားသူရဲ့မကောင်းမြင်စိတ်ကို အာရုံထဲအရမ်းမထည့်တတ်ကြတော့ပါဘူး။ ကိုယ့်ခံယူချက်နဲ့ ကိုယ်ရည်မှန်းချက်ကိုပဲ အာရုံစိုက်ပြီး ကြိုးစားတတ်ကြပါတယ်။ ပြဿနာတစ်ခုဖြစ်လာရင်တော့ ဒီပြဿနာက ဘယ်ကနေလာတာလဲဆိုတဲ့ အကြောင်းအရင်းကိုပဲလိုက်ရှာတတ်ကြပါတယ်။

သူတစ်ပါးကို အားကိုးလိုစိတ်မရှိခြင်း

သူတို့ကိုသန်မာအောင်လုပ်ပေးတာက ပတ်ဝန်းကျင်ဖြစ်တဲ့အတွက် လူတွေကိုယုံကြည်ဖို့လည်းခက်သွားသလို အားကိုးချင်တဲ့စိတ်တွေလည်း တဖြည်းဖြည်းနဲ့ အငွေ့ပြန်သွားတတ်ကြပါတယ်။ သူတစ်ပါးကို အားကိုးနေမဲ့အစား ကိုယ်ကိုယ်တိုင်ကနေလွဲပြီး တစ်ခြားအားကိုးစရာမရှိဘူးဆိုတဲ့ စိတ်ဓာတ်ကလည်း လူတစ်ယောက်ကို သန်မာအောင်လည်း လုပ်ပေးနိုင်သလို ကိုယ့်အနာဂတ်ကိုလည်း ရည်မှန်းချက်ကြီးကြီးထားနိုင်အောင်လည်း လုပ်ပေးနိုင်ပါတယ်။

ယုံကြည်မှုရှိလာခြင်း 

ကိုယ့်ရဲ့လုပ်နိုင်စွမ်းအား ကိုယ်ပိုင်စွမ်းအားကိုယုံကြည်လာတဲ့အတွက် လုပ်နိုင်စွမ်းအားလည်း တိုးတက်လာမယ်။ လောကမှာအရေးကြီးဆုံးက ကိုယ့်ပုံစံနဲ့ မနှိုင်းဖို့ပါနော်။ သူကဘာဖြစ်နေပြီး ငါကအခုထိဘာမှလည်းဖြစ်မလာသေးဘူး ငါဘာလို့အဲ့လောက်တောင်အဖြစ်မရှိတာလည်းဆိုပြီး စိတ်ဓာတ်ကျနေမဲ့အစား ကိုယ်လုပ်နိုင်တာကိုလုပ်ပြီး ကိုယ့်ရည်မှန်းချက်နဲ့မိမိကိုယ်မိမိသာ ပြိုင်သင့်ပါတယ်နော်။ လုပ်ငန်းခွင်မှာဖြစ်ဖြစ် ကိုယ်ပတ်ဝန်းကျင်မှာဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ငါလုပ်နိုင်တယ် ငါဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကလည်း သန်မာတဲ့မိန်းကလေးတိုင်းမှာ​ရှိပါတယ်။

Photo Source -Free.pik