အားလုံးပဲမင်္ဂလာပါနော်။ ယောကျ်ားလေးတစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်ထဲက ကောင်မလေးတစ်ယောက်ဖြစ်ဖို့ ပြည့်စုံနေအောင်လှနေရမယ်ဆိုတာ တကယ်တော့မဟုတ်ပါဘူး။
သင့်ရဲ့ Personality နဲ့ အတွင်းစိတ်က အပြင်ပိုင်း သွင်ပြင်ထက် ပိုပြီးအရေးကြီးပါတယ်။
လှပချောမောတဲ့ မိန်းကလေးတစ်ယောက်ကို ယောကျ်ားလေးတွေက နှစ်သက်စွဲလန်းကြပေမယ့်လည်း တကယ်တမ်း သူတို့ ရွေးချယ်တဲ့ မိန်းကလေး ဒီလိုမိန်းကလေးမျိုး မဖြစ်တတ်ပါဘူး။
မိန်းကလေးဆန်ပါ
သင့်ရဲ့ အမူအကျင့် အပြုံး ကိုယ်သင်းရနံ့တွေက မိန်းကလေး ဆန်နေပါစေ။ ယောကျ်ားလေးတစ်ယောက်က သင့်ကို စကားပြောလိုက်တိုင်းမှာ သင့်ရဲ့ ကိုယ်သင်းရနံ့တွေက တမူဆွဲဆောင်မှုရှိစေပါတယ်။
ကွဲပြားခြားနားပါစေ
မိန်းကလေးတွေအားလုံးဟာ ရိုးရိုးအေးအေး အိမ်မှာပဲ အိမ်တွင်းမှုကိစ္စလုပ်နေရမယ့်သူတွေမဟုတ်ပါဘူး။ အပြင်သွားပါ။ လူတွေနဲ့ တွေ့ဆုံပါ။ ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းပါ။
စိတ်ဝင်စားပါ
အိမမှာပဲ အမြဲတမ်းထိုင်နေပြီး ဘာမှစိတ်ဝင်စားမှုမရှိတဲ့သူဟာ လူဖြစ်ရှုံးတာပါပဲ။ စစ်မှန်တဲ့ ကမ္ဘာကြီးနဲ့ ထိတွေ့ပြီး စိန်ခေါ်လိုက်ဖို့ ဝန်မလေးပါနဲ့။
ယုံကြည်မှုရှိပါ
လူတိုင်းဟာ ၁၀၀% ပြည့်စုံမနေပါဘူး။ ဒါ့ကြောင့် ယုံကြည်မှုရှိပါ။
ယောကျ်ားလေးအပေါင်းသင်းမိတ်ဆွေထားပါ
ယောကျ်ားလေးအပေါင်းအသင်းမိတ်ဆွေထားပါ။ သူတို့ရဲ့ စိတ်နေသဘောထားကိုလည်းသိရသလို ကိုယ်နဲ့ ပုံစံမတူတဲ့ သူတစ်ယောက်အကြောင်းကိုလည်း လေ့လာနိုင်တာပေါ့ရှင်။
By: MyStyle Myanmar