ညီအကို မောင်နှမတွေ ပိုင်ဆိုင်ထားတာက ကံကောင်းမှု တစ်ခုပါပဲ။ အထူးသဖြင့် ညီအမတွေအတွက်ပါ။ မိဘတွေက ကိုယ့်အကြောင်းကို နားမလည်ရင်တောင် ကိုယ့်အကြောင်း နားအလည်နိုင်ဆုံးကကိုယ့်ညီမ၊ အစ်မတွေပါပဲ။ ကိုယ့်ညီမနဲ့ အဆင်ပြေတဲ့အချိန်ရှိသလို၊ မတည့်တဲ့ အချိန်လည်း ရှိမှာ မလွဲမသွေပါပဲ။ သင့်ညီမက သင့်အတွက် ဂုဏ်ယူစရာဖြစ်နိုင်သလို၊ သင့်ကို ခေါင်းခဲစေသူလည်း ဖြစ်နိုင်ပါတယ်။ သင့်ညီမအတွက် အားရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သင့်ဘက်ကတော့ အစ်မကောင်း တစ်ယောက်ဖြစ်နေအောင် ကြိုးစားသင့်ပါတယ်။ ဒီတော့ အစ်မကောင်းပီသသူ တစ်ယောက်ဖြစ်လာဖို့ သိထားသင့်တဲ့ အချက်တွေကို ကြည့်လိုက်ရအောင်နော်-

၁။ ယုံကြည်ရသူဖြစ်ပါစေ

သင့်ညီမ စိတ်ညစ်လာတဲ့အချိန် ရင်ဖွင့်ဖော်က သင်ဖြစ်နေသင့်ပါတယ်။ သင့်မိဘတွေကို တိုင်မယ့် တိုင်ပြောထူ ဖြစ်မနေဖို့ လိုပါတယ်။ ဒီလိုမှ သင့်ညီမဆီက ယုံကြည်မှုတစ်ခုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

၂။ ဆွေးနွေးပါ

သင့်ညီမ အမှားတစ်ခုခု လုပ်ရင် သူတို့ ပြောစကားကို အဆုံးထိ သေချာ နားထောင်ပေးသင့်ပါတယ်။ ငယ်သေးတယ် ဘာမှမသိဘူးဆိုပြီး သူတို့ကို အထင်မသေးဘဲ သူတို့ဆုံးဖြတ်ချက်ကို လေးစားပြီး တည်တည်ငြိမ်ငြိမ် ဆွေးနွေးနားထောင်သင့်ပါတယ်။

၃။ စံနမူနာကောင်း

သင့်မိဘတွေရဲ့ ဆုံးမစကားကို လေးလေးစားစား နားထောင်တာ၊ မှားတဲ့အချိန် တောင်းပန်ဖို့ သိတာ၊ ကျောင်း/ အလုပ်မှာ ကြိုးစားတာ စတဲ့ အပြုအမူတွေက သင့်ညီမအတွက် စံပြပုဂ္ဂိုလ်ကောင်း ဖြစ်လာစေပါလိမ့်မယ်။

၄။ ညှိနှိုင်းတတ်သူ

သင်နဲ့ သူက အကြိုက်ချင်းတူရင်တောင် ကိုယ့်ဘက်က သူ့ကို အလျှော့ပေးသင့်ပါတယ်။ ဥပမာ- အဝတ်အစား တစ်မျိုးကို နှစ်ယောက်လုံး ကြိုက်မိရင် သင်က အလျှော့ပေးပြီး သူ့ကို ပေးလိုက်တာမျိုးပါ။

၅။ အားပေးပါ

သင့်ညီမ စိတ်ဓာတ်ကျနေတဲ့အချိန် သူပြောသမျှ နားထောင်ပေးပြီး အားပေးသူ တစ်ယောက် ဖြစ်နေသင့်ပါတယ်။ သင်က သူ့အနားမှာ ရှိနေကြောင်း ပြသနေဖို့ လိုပါတယ်။

၆။ လက်ဆောင်ပေးပါ

ညီမလေးရဲ့ မွေးနေ့ကို မမေ့ထားသင့်ပါဘူး။ သူ့ရဲ့ အောင်မြင်မှု၊ အထိမ်းအမှတ်နေ့တွေအတွက် သင်က ဂရုတစိုက်ရှိကြောင်း ပြသတဲ့အနေနဲ့ လက်ဆောင်ပေးသင့်ပါတယ်။

၇။ အတူတူ အချိန်ကုန်ဆုံးပါ

ညီမလေးနဲ့အတူ မုန့်မှာစားတာ၊ Shopping ထွက်တာစတဲ့ ပျော်စရာကိစ္စတွေကို အတူတူ လုပ်ဆောင်သင့်ပါတယ်။ သင့်မိဘပြီးရင် ရှားရှားပါးပါး စစ်မှန်တဲ့ ဆွေမျိုးတွေက သင့်ညီမ၊ အစ်မတွေပါပဲ။

၈။ သူမကို ချစ်ကြောင်းပြောပါ

သင်က စကားနည်းတဲ့သူဆိုရင် သူမကို ချစ်ကြောင်း အမူအရာတွေနဲ့ ပြသနိုင်ပါတယ်။ ညီမလေးက သင့်ဘဝမှာ ဘယ်လောက်ထိ အရေးကြီးကြောင်း ပြောပြသင့်ပါတယ်။

သင့်မှာ အစ်မတွေရှိရင် ဒီအကြောင်းအရာကို မြင်ဖို့ Mention ခေါ်လိုက်ပါဦးနော်။ မမတွေ ဆိုရင်လည်း Share သွားဖို့ မမေ့နဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar