အလုပ်ခွင်မှာ ဝင်နေတဲ့အမျိုးသမီးတွေအဖို့ ယုံကြည်မှုရှိတဲ့ပုံစံဖြစ်စေဖို့ MyStyle Myanmar မှ မျှဝေပေးလိုက်ပါတယ်။

၁။ စမတ်ကျကျဝတ်ဆင်ပါ၊ ပြုမူနေထိုင်ပါ။

လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးဖြစ်တဲ့အတွက် အင်္ကျီအပွကြီးတွေ ရှပ်အင်္ကျီ၊ ဘောင်းဘီအပြဲတွေဝတ်တာမျိုး ရှောင်သင့်ပါတယ်။ တတ်နိုင်သမျှ ဘလောက်စ်လှလှလေးတွေ၊ ကုတ်အင်္ကျီ၊ စတိုင်ဘောင်းဘီရှည်၊ လေဒီရှူး၊ ဒီလိုမျိုးတွေ ဝတ်တာက လူကိုပိုပြီး စမတ်ကျစေတဲ့အပြင် ယုံကြည်မှုရှိတဲ့ပုံ ပိုပြီးဖြစ်စေပါတယ်။ နောက်ပြီး အမြဲတမ်း ခေါင်းမော့ ရင်ကော့ပြီးနေပါ။ ကုန်းကုန်းကြီးဖြစ်နေတာက လူကိုမှိုင်းတိုင်းတိုင်း ဖြစ်နေစေတတ်ပါတယ်။

၂။ စကားပြောတဲ့အခါ မျက်လုံးချင်း ဆုံပါစေ။

Meeting မှာပဲဖြစ်ဖြစ်၊ လူကြီးတစ်ယောက်နဲ့တွေ့တာဖြစ်ဖြစ်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်နဲ့တွေ့တာဖြစ်ဖြစ် စကားပြောတဲ့အခါ တစ်ဖက်လူရဲ့ မျက်လုံးကိုကြည့်ပြီး စကားပြောတာက တစ်ဖက်လူအပေါ်လေးစားရာ ကျသလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိတဲ့ပုံပိုပေါက်စေပါတယ်။

၃။ လက်ဟန်ခြေဟန်နဲ့ အားရပါးရစကားပြောပါ။

စကားပြောတဲ့အခါ လက်ဟန်ခြေဟန်နဲ့ပြောတဲ့အတွက် တစ်ဖက်လူက သင့်အပေါ်မှာ စိတ်သက်သာမှုရပြီး စကားဆက်ပြောဖို့ ဝန်လေးတော့မှာ မဟုတ်ပါဘူး။ သူက စကားပြောရတာ အရမ်းအဆင်ပြေတာပဲ၊ ငါလည်း အဲ့လိုပြောတတ်ချင်လိုက်တာ၊ အားကျလိုက်တာဆိုပြီး ဖြစ်သွားစေမှာပါ။ ဒါကလည်း ယုံကြည်မှုရှိတဲ့သူတစ်ယောက် ပုံစံပါပဲ။

MyStyle Myanmar ပရိသတ်ကြီးအားလုံးလဲ ယုံကြည်မှုရှိပြီး လှပတဲ့အမျိုးသမီးတွေ ဖြစ်ကြပါစေနော်။