သီလရှင်ဝတ်ထားလို့ဘဲဖြစ်ဖြစ် ၊ ဆံပင်ကျွတ်လို့ဘဲဖြစ်ဖြစ် တခြားအကြောင်းကြောင့်ဘဲဖြစ်ဖြစ် ဘာကြောင့် ခေါင်းရိတ်ရပါစေ ခံစားတတ်ရင် အဲဒါက လွတ်မြောက်မှုတစ်မျိုးပါပဲ။ ဆံပင်အပြည့်မပါပဲလည်း အရင်ထက် ပိုပြီး လှလို့ရပါသေးတယ်။ ဆံပင်မပါပဲ ယုံကြည်မှုရှိရှိ ဆွဲဆောင်နိုင်စေဖို့ သင့်ရဲ့အကောင်းဆုံးပုံပန်းသဏ္ဍန်ကို ဖော်ထုတ်လိုက်ပါ။

မိတ်ကပ်လိမ်းပါ

မိတ်ကပ်လိမ်းရတာ ကြိုက်တယ်ဆိုရင် အခု စမ်းသပ်ဖို့ အချိန်ရောက်ပါပြီ။ မျက်တောင်တု ၊ အနက်ရောင် eyeliner နဲ့ smokey eyeshadow တို့နဲ့ မျက်လုံးကို အသားပေးခြယ်လိုက်ပါ။ သင့်ရဲ့အသွင်အပြင်ကို ကျော့ရှင်းဖို့အတွက် ပါးရိုးတွေကို Bronzer နဲ့ အသားပေးပြီးရင် နှုတ်ခမ်းနီဆိုးဖို့ မမေ့ပါနဲ့။ တကယ်လို့ မိတ်ကပ်လိမ်းရတာ မကြိုက်ဘူးဆိုရင်လည်း လိမ်းစရာမလိုပါဘူး။

စိတ်ချမ်းသာစေမယ့် အဝတ်အစားတွေကို ဝတ်ဆင်ပါ

သင့်ရဲ့ဝတ်စားဆင်ယင်မှုက အရမ်းလှနေတဲ့အခါ သင့်ရဲ့ယုံကြည်မှုဟာ မြင့်တက်လာပါလိမ့်မယ်။ အပြင်သွားတဲ့အခါ ရင်သပ်ရှုမောဖြစ်စေမယ့် ၀တ်စုံ ဒါမှမဟုတ် တီရှပ်နဲ့ ဂျင်းဘောင်းဘီကို ၀တ်လိုက်ပါ။ ဆံပင်အတွက် စိတ်ပူစရာမလိုတာကြောင့် အဝတ်အစားရွေးဖို့ အချိန်ပိုပေးနိုင်ပါလိမ့်မယ်။

အစိုဓာတ်ထိန်းပေးပါ

ခေါင်းမှာ ဗောက်တွေကြောင့် နေရခက်နေရင် Epaderm ၊ Hydromol ၊ Doublebase တို့လို ဆေးရည်မျိုး ဦးရေပြားကို ပွတ်ပေးပါ။ ဦးရေပြားကို ကာကွယ်ပေးပြီး အသားအရေကို ခြောက်သွေ့ခြင်းကနေ ကင်းဝေးစေတဲ့အပြင် နေရောင်ဒဏ်ကနေလည်း ကာကွယ်ပေးပါတယ်။

ဓာတ်ပုံရိုက်ပါ

တောက်ပပြီးပြောင်တဲ့ခေါင်းကို အမှတ်တရဖြစ်နေစေဖို့ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာကို ငှားပြီး သဘာဝအတိုင်း အပြင်မှာ ဒါမှမဟုတ် စတူဒီယိုမှာ ဓာတ်ပုံရိုက်ပါ။

ဆံပင်တု စမ်းသပ်ပါ

အရင်ကမရှိဖူးတဲ့ ဆံပင်ပုံစံအသစ်ကို စမ်းကြည့်ချင်တယ်ဆို ဒီအချိန်က ကွက်တိပါပဲ။ ဈေးကွက်ထဲမှာ ဆံပင်အတို အရှည် အဖြောင့်အကောက် ကာလာအစုံ သင့်စိတ်ကြိုက် ရွေးချယ်လို့ရပါတယ်။