ချစ်သူစုံတွဲတိုင်းမှာ အမြဲလိုလို စိန်ခေါ်မှုလေးတွေ ရှိကြစမြဲပါ။ အချိန်တိုင်း အဆင်ပြေပျော်ရွှင်နေဖို့ မလွယ်သလို တစ်ခါတစ်လေမှာ ငြင်းခုန်မှုတွေ ၊ စိတ်ပင်ပန်းစရာတွေလည်း ရင်ဆိုင်ရတက်ပါတယ်။

ဒီတော့ ကိုယ်တည်ဆောက်ထားတဲ့ အချစ်ရေးတစ်ခုမှာ တတ်နိုင်သလောက် စိတ်ပင်ပန်းမှုတွေ နည်းချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အချက်လေးတွေကိုသာ သေချာလိုက်နာကြည့်ပါ။

(၁) အတွေးလွန်နေတာတွေရပ်လိုက်ပါ

အတွေးလွန်ခြင်းရဲ့နောက်မှာ သံသယတွေက အမြဲပါလာတက်တာပဲ မဟုတ်လား။ ချစ်သူနှစ်ဦးကြားမှာ သံသယတွေများလာရင် ပျော်ရွှင်ချိန်တွေ ပျက်စီးရတက်ပါတယ်။ အေးချမ်းမှုတွေနဲ့ ပျော်ရွှင်ရတဲ့ Relationship တစ်ခုကိုပိုင်ဆိုင်နိုင်ဖို့ဆို ကိစ္စတိုင်းမှာ အတွေးလွန်နေတာတွေ ရပ်လိုက်ဖို့ အကြံပြုပါရစေ။

(၂) သင်ခန်းစာယူပါ

Relationship တိုင်းက အမြဲတမ်း စင်းလုံးချော အဆင်ပြေချောမွေ့နေဖို့ မဖြစ်ပါနိုင်ပါဘူး။ တစ်ချို့အချိန်တွေမှာ အဆင်ပြေတာ ၊ ရန်ဖြစ်စကားများတာတွေ ကြုံရနိုင်ပါတယ်။

ဒီလိုအခြေအနေတွေကြုံလာတဲ့အခါ အကောင်းဆုံးဖြေရှင်းတက်ဖို့လိုပြီး ဒုတိယအကြိမ်ဒီလိုအမှားမျိုး ပြဿနာမျိုးဖြစ်မလာအောင်လည်း သင်ခန်းစာယူသင့်ပါတယ်။ ဒါဆို သင်တို့နှစ်ဦးကြားပြဿနာနည်းပြီး ကျန်းမာတဲ့ Healthy Relationship တစ်ခုတည်ဆောက်နိုင်ပါလိမ့်မယ်။

(၃) ပုံသွင်းဖို့ မကြိုးစားပါနဲ့

လူတစ်ယောက်ကို ကိုယ့်စိတ်ကြိုက်ပုံသွင်းယူလို့ မရနိုင်ပါဘူး။ ကိုယ်ဖြစ်စေချင်တဲ့ပုံစံကို အတင်းပုံသွင်းယူဖို့ ကြိုးစားတာဟာ ကိုယ့်ပါတနာအပေါ်လေးစားရာမရောက်သလို စိတ်ပင်ပန်းစရာတွေပေးရာလည်း ရောက်ပါတယ်။

ကိုယ်တိုင်လည်း မျှော်လင်သလိုဖြစ်မလာတဲ့အခါ စိတ်ပင်ပန်းစရာတွေ ကြုံရတာပေါ့။ ကိုယ်ချစ်သူရဲ့ပုံစံအမှန်အတိုင်းကိုပဲ လက်ခံဖို့ကြိုးစားသင့်တာပါ။

(၄) ခံစားချက်တွေ မျှဝေပါ

ခံစားချက်လေးတွေ အပြန်အလှန်မျှဝေတာဟာ တစ်ယောက်ပေါ်တစ်ယောက် ပိုမိုနားလည်စေနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ရာမှာ အရေးပါပါတယ်။

တစ်ယောက်အကြောင်းတစ်ယောက် နားလည်လာတာနဲ့အမျှ နားလည်မှုလွဲတာတွေ စိတ်ပင်ပန်းစရာပြဿနာတွေ နည်းသွားစေပြီး ရင်ဘတ်ချင်းနီးလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခံစားချက်လေးတွေမျှဝေရင်း တစ်ယောက်ရင်ထဲတစ်ယောက်ဝင်ကြည့်နိုင်အောင်ကြိုးစားပါ။