ဆောင်းရာသီလို ခြောက်သွေ့တဲ့ ရာသီမှာ မိတ်ကပ်လိမ်းရတဲ့ Feeling က တခြား ရာသီနဲ့ မတူဘဲ ကွာခြားနေတတ်ပါတယ်။ ဆောင်းရာသီ Skin Care တွေကလည်း Step အပိုတွေ လိုအပ်လာပါတယ်။ ဆောင်းရာသီမှာ ဖောင်ဒေးရှင်း လိမ်းတဲ့အချိန် မိတ်ကပ်အခြောက်မြန်ပြီး အပြစ်အနာအဆာတွေကို ဖုံးရာမရောက်ဘဲ ပိုလို့ ကြည့်ရဆိုးသွားစေပါတယ်။ သင်က အရင်လို Makeup လိမ်းတဲ့အချိန် Glow Skin Look လေး ရချင်ရင် ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေကို ကြည့်လိုက်ရအောင်-

၁။ ဖောင်ဒေးရှင်းမလူးခင် Toner သုံးပေးပါ

သင့်အသားအရေရဲ့ pH Level ကို ထိန်းညှိပေးတဲ့ Toner ကို မဖြစ်မနေ လိုအပ်ပါတယ်။ Toner ကို Cotton Pad ထဲထည့်ပြီး မျက်နှာကိုပွတ်လိုက်တဲ့အချိန် အသားပတ်ခြင်းပါ သက်သာစေပါတယ်​။

၂။ သေချာ အစိုဓာတ်ထိန်းခရင်ကို လိမ်းပေးပါ

သင် သုံးနေကျ Moisturizer အပြင် ထပ်ပြီး အစိုဓာတ်ထိန်းပေးနိုင်မယ့် Moisturizer အမျိုးအစားကို သုံးပေးသင့်ပါတယ်။ ဖောင်ဒေးရှင်းမသုံးခင် အဆီပိုတွေကို တစ်ရှူးလေးနဲ့ ပုတ်ပြီး ဖယ်ရှားနိုင်ပါတယ်။

၃။ Primer အမျိုးအစားကို ပြောင်းပါ

မိတ်ကပ် Cakey မဖြစ်သွားဖို့ အစိုဓာတ် ပေးနိုင်တဲ့ Hydrating Primer ကို ပြောင်းသုံးသင့်ပါတယ်။ အစိုဓာတ်ပေးတဲ့Primer က သင့် မိတ်ကပ် Look ကို သဘာဝဆန်ဆန်လေး ရစေပါတယ်။

၄။ Cream Formula Product ကို သုံးပါ

Cream Type က Powder Type ထက်ပိုပြီးတော့ အစိုဓာတ်ပေးနိုင်ပါတယ်။ Blusher ကို Cream ပုံစံသုံးတာ၊ Powder ကို လျှော့သုံးပေးတာ စတာတွေက မိတ်ကပ်သား မခြောက်ဖို့ ကူညီပေးပါလိမ့်မယ်။

၅။ Primer နဲ့ ဖောင်ဒေးရှင်းကို ရောလိမ်းပါ

Photo Source: Huda Beauty

Primer နဲ့ ဖောင်ဒေးရှင်း မိတ်ကပ်ကို ရောလိမ်းပေးတာက သင့်ကို ပေါ့ပေါ့ပါးပါး Lightweight Glow Look ကိုပိုင်ဆိုင်စေပါတယ်။

၆။ Argan Oil သုံးပါ

သင်က Dry Skin ကို ပိုင်ဆိုင်တယ်ဆိုရင် Argan Oil နည်းလမ်းက သင်နဲ့ အဆင်ပြေပါတယ်။ Argan Oil ကို ဖောင်ဒေးရှင်းထဲ ထည့်လိမ်းတာ​က ချောမွေ့တဲ့ Makeup အသွင်​ကို ရရှိစေပါတယ်။

၇။ Beauty Blender

မိတ်ကပ်သား ထူထူခြောက်ခြောက်ကြီး မဖြစ်အောင် Beauty Blender ကို ရေစွတ်ပြီး ဖောင်ဒေးရှင်းကို အသားထဲစိမ့်ဝင်အောင် ပုတ်ပေးရပါမယ်။ ပွတ်ဆွဲတာမျိုး မလုပ်သင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar