မင်္ဂလာပါနော်။ နေရောင်ခြည်ထိတွေ့မှုတွေကြောင့် အသားအရေအလွယ်တကူမပျက်စီးစေဖို့ Sunscreen ကိုလိမ်းပေးဖို့လိုပါတယ်။ အပြင်သွားတဲ့အချိန်မှာသာမက အိမ်မှာနေရင်လည်း Sunscreenလိမ်းပေးဖို့ မမေ့ပါနဲ့နော်။

ဒီနေ့မှာတော့ MyStyle Myanmarက ပျိုမေလေးတွေအတွက် မိတ်ကပ်လိမ်းတဲ့အခါမှာ Sunscreenကို ဘယ်အဆင့်တွေမှာလိမ်းရမလဲဆိုတာကို သေချာသဲသဲကွဲကွဲမသိသေးတဲ့သူလေးတွေအတွက် မျှဝေပေးလိုက်ပါတယ်။ ကဲ..ဒါဆိုရင် မိတ်ကပ်လိမ်းတဲ့အချိန် Sunscreen ကို ဘယ်လိုအဆင့်မှာ လိမ်းပေးရမလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။

အရင်ဆုံး ဘာမှမလိမ်းခင် မျက်နှာကို သေချာသန့်စင်ပေးဖို့ အရေးကြီးတယ်နော်။ မျက်နှာသေချာသစ်ပြီးရင် ခြောက်အောင်သုတ်ပေးလိုက်ပါ။

မျက်နှာသန့်စင်ပြီး ခြောက်သွားရင် တိုနာလိမ်းပေးရပါမယ်။

 

Sunscreen ကို မိတ်ကပ်လိမ်းတဲ့အခါ ဘယ်လိုလိမ်းမလဲ

တိုနာလိမ်းပြီးရင်တော့ Sunscreen လိမ်းပေးရမှာပဲ့ဖြစ်ပါတယ်။ သင့်မျက်နှာတစ်ခုတည်း လိမ်းပေးရုံမက လည်ပင်းကိုပါ အနှံ့လိမ်းပေးရပါမယ်။ သင့်ရဲ့ Moisturizer မှာ Sunscreen ပါပြီးသားဆိုရင်တော့ Sunscreen ကို သီးသန့်ထပ်မလိမ်းလည်း ရပါတယ်နော်။

Primer လိမ်းပြီး မိတ်ကပ်စလိမ်းနိုင်ပါပြီ။ ပြီးရင်တော့ ဖောင်ဒေးရှင်းလိမ်းပေးရပါမယ်။

ပြီးရင်တော့ ကျန်တဲ့အပိုင်းလေးတွေ ဆက်သွားပေးနိုင်ပါပြီ။ Setting Powder သုံးတာ၊ ပါးနီလိမ်းတာ၊ မျက်ခုံးမွှေးဆွဲတာတွေ လုပ်နိုင်ပါပြီနော်။

Featured image: Youtube