အလှဆုံး Eye Look လေးရဖို့က နောက်ဆုံးမှာ Mascara လေးနဲ့မှ အဆုံးမသတ်လိုက်မှ ပြီးပြည့်စုံတဲ့ Look တစ်ခုကို ပိုင်ဆိုင်မှာပါ။ ဒါပေမယ့် ခုမှ Mascara ကိုခုမှ စသုံးမယ် ၊ သိပ်မသုံးတတ်သေးဘူး သုံးနေပေမယ့် အဆင်မပြေ ဖြစ်နေတာဆိုရင် ခုပြောပြမယ့် နည်းလေးတွေအတိုင်းသုံးကြည့်ပါ။ ကော့ညွတ်နေတဲ့ မျက်တောင်လေးပိုင်ဆိုင်ဖို့ Mascara နဲ့ မျက်တောင်ကော့စက်လေးရှိဖို့ဘဲလိုပါတယ်။

မျက်တောင်ကော့ပေးပါ

အရင်ဆုံး မျက်တောင်ကော့စက်လေးနဲ့ မျက်တောင်တွေကို အရင်ကော့ပေးပါ။ ဒါမှ Mascara သုံးတဲ့အခါ မျက်တောင်တွေက ကော့ညွတ်နေမှာပါ။

Eyelash Primer သုံးပေးပါ

Foundation နဲ့ Eyeshadow တွေမသုံးခင်မှာ Primer လိမ်းပေးဖို့လိုသလို Mascara မသုံးခင်မှာလည်း Eyelash Primer သုံးဖို့လိုပါတယ်။ ဒါက မျက်တောင်တွေကိုထူစေပြီး Mascara သုံးတဲ့အခါ မျက်တောင်တွေ တခုနဲ့တခု မကပ်သွားအောင် ကူညီပေးပါတယ်။ အပေါ်မျက်တောင်နဲ့ အောက်မျက်တောင် ပွတ်မိတာတွေမဖြစ်စေဖို့ တခုနဲ့တခုကြား အနည်းဆုံး စက္ကန့် 30 လောက်စောင့်ပေးပါ။

Mascara သုံးပေးပါ

Mascara သုံးတဲ့အခါ ပြွန်တံလေးကို ထုတ်တဲ့အချိန်မှာ လှည့်ထုတ်ပြီး ပိုနေတဲ့ Mascara တွေကို ပြွန်အနားသတ်နဲ့ ညှိလိုက်ပါ။ မှန်ကို တည့်တည့်ကြည့်ပြီး မျက်တောင် အလယ်ရဲ့ အရင်းကနေအဖျားအထိ Mascara သုံးပေးပါ ။ ပြီးမှ အတွင်းထောင့်နဲ့အပြင်က မျက်တောင်တွေကို Mascara သုံးပေးပါ။ Mascara ခြောက်သွားပြီဆိုရင် မျက်တောင်ဖြီးတဲ့ဘီးနဲ့ ဖြီးပေးဖို့မမေ့ပါနဲ့။

သန့်ရှင်းပေးပါ

Mascara သုံးလို့ ဘေးနားမှာပေသွားတဲ့ Mascara တွေကိုတော့ Eye Makeup Remover သုံးပြီး ဖျက်လို့ရပါတယ်။ ဒါဆိုရင်တော့ ပြီးပြည့်စုံပြီး ကော့ညွတ်တဲ့မျက်တောင်လေးတွေကို ရရှိမှာပါ။