အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက် မိတ်ကပ်လိမ်းခြယ်နည်းအဆင့်ဆင့်ကို ဝေမျှပေးချင်ပါတယ်။

အဆင့် ၁

အရင်ဆုံး မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးရပါမယ်။

မျက်နှာအတွက် သီးသန့်ပြုလုပ်ထားတဲ့ ပင်လယ်ဆားနဲ့ မျက်နှာသစ်ဆေးကို ပေါင်းပြီး မျက်နှာစင်အောင်သစ်ပေးပါ။

အဆင့် ၂

မျက်နှာသစ်ပြီးပြီဆိုရင် SPF ပါတဲ့ Moisturizer ခရင်မ်လေး လိမ်းပေးလိုက်ပါ။

အဆင့် ၃

Primer လေးကို လက်ချောင်းလေးတွေနဲ့ ညီညီညာညာလိမ်းပေးလိုက်ပါ။

အဆင့် ၄

Primer လိမ်းပြီးရင် မိတ်ကပ်စပရေးလေး ဖြန်ပေးလိုက်ပါ။

အဆင့် ၅

ပြီးရင် မျက်လုံးခရင်မ် (သို့) မျက်လုံးအတွက် Primer လေး လိမ်းပေးလိုက်ပါ။

အဆင့် ၆

နောက်တစ်ဆင့်အနေနဲ့ BB ခရင်မ်လေး ထပ်လိမ်းပေးပါ။

အဆင့် ၇

ပြီးတဲ့အခါ မျက်လုံးအောက်မှာ ကွန်စီလာလေး ထပ်လိမ်းပေးလိုက်ပါ။

အဆင့် ၈

BB ခရင်မ် ပါးပါးလေးတစ်ထပ် ထပ်လိမ်းပေးပြီး မိတ်ကပ်စပရေး ထပ်ဖြန်ပေးပါ။

အဆင့် ၉

ဖောင်ဒေးရှင်းလိမ်းပေးရပါမယ်။

အဆင့် ၁၀

မျက်ခုံးမွှေးလေးပုံဖော်ပြီး မျက်ခုံးမွှေးဆွဲပေးပါ။

အဆင့် ၁၁

မျက်လုံးမိတ်ကပ်အတွက် Eyeshadow အဖြူရောင်လေး အရင်လိမ်းပေးပါ။

ပြီးရင် ပန်းရောင် Eyeshadow လေး ထပ်ခြယ်ပေးပါ။

ပြီးတဲ့အခါ မျက်လုံးထောင့်စွန်းကို အလက်လက်လေးတွေ ထပ်ထည့်ပေးပါ။

အဆင့် ၁၂

မျက်တောင်မွှေးလေးတွေကို မျက်တောင်ကော့စက်နဲ့ ကော့လိုက်ပါ။

အဆင့် ၁၄

ပြီးရင် Eye Liner ဆွဲပေးလိုက်ပါ။

Mascara ကော့ပေးလိုက်ပါ။

ပါးနီခပ်ပါးပါး လိမ်းခြယ်ပေးလိုက်ပါ။

အဆင့် ၁၅

နောက်ဆုံးအဆင့်အနေနဲ့ နှုတ်ခမ်းနီလေး ဆိုးပေးလိုက်ပါ။ ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ မိတ်ကပ် Look လေး ပိုင်ဆိုင်သွားပါပြီ။

Source: makeuptutorials.com