စာရေးသူကိုယ်တိုင်လည်း မျက်မှန်တပ်ထားတဲ့သူတစ်ယောက်ပါနော်။ စာဖတ်သူတို့ထဲမှာလည်း မှန်ကြောင်လေးတွေပါမယ်လို့ထင်ပါတယ်။ မျက်မှန်တပ်ထားတဲ့သူတွေ မိတ်ကပ်လိမ်းရင် ဘယ်လိုလိမ်းချယ်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

Primer သုံးပါ

တခြားသူတွေလိုပဲ Primer သုံးပါ။ မျက်မှန်က နှာခေါင်းကနေ မကြာခဏ အောက်လျှောလိုက် အပေါ်ပြန်တင်လိုက်ရ ဖြစ်နေတာကြောင့် မိတ်ကပ် အလွယ်တကူ ပျက်မသွားအောင် သင့်နှာခေါင်းနားနဲ့ မျက်မှန်နားကို မိတ်ကပ်မလိမ်းခင် Primer အနည်းငယ် စလိမ်းပါ။

Eyeshadow အရောင်ရွေးချယ်ပါ

Eyeshadow အရောင်ရွေးချယ်မှုကို ဂရုစိုက်ပါ။ မျက်မှန်အရောင်ထက် ပိုတောက်တဲ့ အရောင်ကို မရွေးဘဲ သဘာဝဆန်တဲ့ Eyeshadow အရောင်ကို ရွေးချယ်ပါ။

Eyeliner သုံးပါ

မျက်လုံးနားမှာ Eyeliner ကို သုံးပေးပါ။ Wing Liner ပုံမျိုးလည်း ဆွဲနိုင်ပါတယ်။ Liner အထူအပါးကတော့ သင့်မျက်မှန်ပေါ်မှာမူတည်ပါတယ်။ မျက်မှန်ဘောင်ကအရမ်းထူရင် Liner ကိုထူထူဆွဲပါ။ မျက်မှန်ဘောင်ကသေးရင် Liner ပါးပါးပဲဆွဲပေးပါ။

Mascara သုံးပါ

မျက်တောင်ကော့တံသုံးပြီး မျက်တောင်ကော့ပြီးတဲ့နောက်မှာ အနက်ရောင် Mascara ကိုသုံးသင့်ပါတယ်။

မှန်ကန်တဲ့အရောင်ကို ရွေးချယ်ပါ

သင့်ရဲ့ မျက်မှန်အရောင်နဲ့ လိုက်ဖက်မယ့် Concealer သုံးပေးပါ။ Highlighter ကိုလည်း အဲလိုပဲသုံးပေးသင့်ပါတယ်။

မျက်မှန်ကိုသန့်ရှင်းရေးလုပ်ပါ

သင့်မျက်မှန်ကို သေချာလေးသန့်ရှင်းရေးလုပ်ပါ။