အားလုံးပဲ မင်္ဂလာပါ။ နှုတ်ခမ်းခြောက်တာ၊ ကွဲတာက အေးတဲ့ရာသီမှာအဖြစ်များပေမယ့် ရာသီမရွေးဖြစ်တတ်တဲ့သူတွေလည်းရှိပါတယ်။ များသောအားဖြင့် ရေဓာတ်ခန်းခြောက်နေသူတွေ၊ အကြာကြီး နေပူခံတဲ့သူတွေ၊ နှုတ်ခမ်းကို လျှာနဲ့လျက်တတ်တဲ့သူတွေမှာ နှုတ်ခမ်းခြောက်တဲ့ပြဿနာ ကြုံရတတ်ပါတယ်။

ဒီလိုတွေကြောင့် နှုတ်ခမ်းအမြဲခြောက်နေတတ်သူတွေအနေနဲ့ နှုတ်ခမ်းနီဆိုးလိုက်မှ ပိုခြောက်သွားတာမျိုး မဖြစ်အောင် သတိထားရမယ့်အရာတွေရှိပါတယ်။ ဒါတွေကိုသိဖို့ ဒီတစ်ခေါက်မှာ ခြောက်သွေ့လွယ်တဲ့ နှုတ်ခမ်းသားပိုင်ရှင်တွေ နှုတ်ခမ်းနီဆိုးတဲ့အခါ သတိထားရမယ့်အရာတွေအကြောင်းကို ဖော်ပြပေးသွားမှာပါ။

၁။ နှုတ်ခမ်းနီမဆိုးခင် Lip Balm လေးအရင်လိမ်းပေးပါ

ကိုယ်ကပုံမှန်ထက် နှုတ်ခမ်းခြောက်တတ်တဲ့သူဆိုရင် နှုတ်ခမ်းအစိုဓာတ်ပေးနိုင်မယ့် Lip Balm တစ်မျိုးကို အရင်ဆိုးပေးဖို့လိုပါတယ်နော်။ နှုတ်ခမ်းသားထဲ စိမ့်ဝင်အောင် မိတ်ကပ်မလိမ်းခင်ကတည်းက ဆိုးထားပေးပါ။ Lip Balm အပေါ်က နှုတ်ခမ်းနီထပ်ဆိုးတဲ့အခါ ထင်သလောက် နှုတ်ခမ်းနီမဆွဲမှာဆိုးတဲ့သူတွေအနေနဲ့ Lip Balm ခြောက်သွားမှဆိုးတာ၊ ဒါမှမဟုတ် ပုဝါလေးနဲ့ပွတ်ပြီးမှ အပေါ်ကထပ်ဆိုးတာမျိုး ပြုလုပ်နိုင်ပါတယ်။

၂။ နှုတ်ခမ်းခြောက်သွားစေမယ့် Formula ပါဝင်တဲ့ နှုတ်ခမ်းနီမျိုးကိုရှောင်ပါ

တစ်ချို့ကြာရှည်ခံစေတဲ့ နှုတ်ခမ်းနီတွေက ဆိုးပြီးတဲ့နောက် နှုတ်ခမ်းကိုခြောက်သွေ့သွားစေတာကြောင့် ဒီလိုနှုတ်ခမ်းနီတွေကိုရှောင်ဖို့လိုပါတယ်။ အဆီပါဝင်မှုများပြီး Hydrating ဖြစ်တဲ့ နှုတ်ခမ်းနီမျိုးကို အသုံးပြုပေးပါ။ Alcohol ပါတဲ့ နှုတ်ခမ်းနီတွေနဲ့ နှုတ်ခမ်းခြောက်ပုံပေါက်စေတဲ့ Matte Lipstick တွသိပ်မသုံးဘဲ အဆီပါတဲ့ Tint ၊ Cream နဲ့ Gloss လေးတွေရွေးချယ်ပေးသင့်ပါတယ်။

၃။ နှုတ်ခမ်းနီဆိုးပြီးနောက် Lip Balm (သို့) Gloss လေးထပ်ဆိုးပေးပါ

နှုတ်ခမ်းနီဆိုးပြီး အပေါ်က Lip Balm လေးထပ်ဆိုးပေးလိုက်တာက သင့်နှုတ်ခမ်းကို ရေဓာတ်ဖြည့်ပေးပြီး တစ်နေကုန် စိုစိုအိအိလေးဖြစ်နေအောင် ကူညီပေးမှာပါ။ Gloss လေးတွေထပ်ဆိုးပေးတာကလည်း ကိုယ်ဆိုးထားတဲ့နှုတ်ခမ်းနီကို ပိုပြီးအရောင်တောက်စေပါတယ်။

၄။ ညပိုင်းတွေမှာ နှုတ်ခမ်းကိုအစိုဓာတ်ဖြည့်ပေးပါ

ညဘက်မှာ Lip Balm အဆီခပ်ထူထူလေးလိမ်းပြီး အိပ်တာက နှုတ်ခမ်းသားအတွင်းပိုင်းအထိ အစိုဓာတ်စိမ့်ဝင်စေပါတယ်။ ပုံမှန်လေးလိမ်းပေးမယ်ဆိုရင် နှုတ်ခမ်းခြောက်တာလည်း သက်သာလာစေမှာပါ။

၅။ ပုံမှန်လေး Exfoliate လုပ်ပေးဖို့လိုပါတယ်

နှုတ်ခမ်းနီဆိုးတဲ့အခါ နှုတ်ခမ်းသားလေးပြည့်ပြီး ချောမွေ့နေဖို့ Exfoliate လုပ်ပေးဖို့လည်းမမေ့ပါနဲ့။ နှုတ်ခမ်းကွဲနေတဲ့အချိန်ကလွဲလို့ တစ်ပတ်တစ်ခါလောက်ပုံမှန်လုပ်ပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar