ပျိုမေတို့ထဲမှာ နှုတ်ခမ်းက အရမ်းပါးပြီး သေးနေသလို ခံစားရလို့ နှုတ်ခမ်းထူထူလေးရချင်သူတွေရှိလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက ပျိုမေတို့အတွက်ပါပဲ။ ဒီတစ်ခေါက်မှာ နှုတ်ခမ်းပါးတဲ့သူတွေအတွက် ထွေထွေထူးထူး ပြုပြင်စရာမလိုဘဲ နှုတ်ခမ်းသား ထူပြီး ပြည့်ပြည့်လေးဖြစ်နေစေမယ့် နှုတ်ခမ်းနီဆိုးနည်းလေးကို ဖော်ပြပေးသွားမှာပါ။ ပုံမှန်နှုတ်ခမ်းနီဆိုးသလိုပဲမို့ လုပ်ရလွယ်တဲ့အပြင် ရှိရင်းစွဲထက် ပြည့်ပြည့်ဖူးဖူး နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်စေမှာပါ။

Lip Balm အရင်လိမ်းလိုက်ပါ


နှုတ်ခမ်းအရွယ်အစားက ဘယ်လိုပဲဖြစ်နေပါစေ Lip Balm လေးအရင်လိမ်းပေးဖို့ လိုပါတယ်နော်။ ခြောက်သွေ့နေတဲ့နှုတ်ခမ်းက စိုစိုဖောင်းဖောင်း နှုတ်ခမ်းဖူးလေး မရနိုင်တာမို့ အစိုဓာတ်လည်းရစေမယ့် Lip Balm တစ်မျိုးကို အရင်လိမ်းပေးလိုက်ပါ။

Concealer ဖုံးလိုက်ပါ


နှုတ်ခမ်းနီမဆိုးခင် Concealer လိမ်းတာက နှုတ်ခမ်းနီကြာရှည်ခံစေမယ့်အပြင် လိုသလိုပုံဖော်လို့ ရအောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်။ ဘေးနှုတ်ခမ်းလိုင်းတွေမဖော်ခင် Concealer အရင်ဖုံးပြီး Blend လုပ်ကာ လိမ်းထားလိုက်ပါ။

Lip Liner နဲ့ပုံဖော်ပေးပါမယ်


ကိုယ့်နှုတ်ခမ်း Shape နဲ့ မသိမသာလေးတိုးပြီး Lip Liner လေးနဲ့ ပုံဖော်ပေးပါမယ်နော်။ Liner ဖော်လိုက်တဲ့အခါ နှုတ်ခမ်းက ရှိရင်းစွဲထက် Shape ပိုပေါ်ပြီး ပြည့်ပြည့်ဖူးဖူးလေးဖြစ်သွားစေမှာပါ။ သင့်နှုတ်ခမ်းကို ပိုပြီး Natural ဆန်သလို မြင်ရဖို့ နှုတ်ခမ်းသဘာဝအရောင်နဲ့ သိပ်မကွာတဲ့ကာလာကို သုံးပေးပါနော်။

အောက်ခံကို Matte Type လေးဆိုးပေးပါ


Matte ဖြစ်တဲ့နှုတ်ခမ်းနီတွေက နှုတ်ခမ်းပိုထူသွားသလိုမြင်ရစေတာမို့ အောက်ခံအရောင်ကို Matte အမျိုးအစား နှုတ်ခမ်းနီမျိုး သုံးပေးသင့်ပါတယ်။ နှုတ်ခမ်းပါးတဲ့သူတွေက မှောင်လွန်း၊ ရင့်လွန်းတဲ့ကာလာတွေနဲ့ မလိုက်ဖက်တာမို့ အရောင်ရင့်တွေကိုတော့ရှောင်ပေးပါ။

နှုတ်ခမ်းနီကို Lip Brush လေးနဲ့ဆိုးပါ


ကိုယ်တကယ်ဆိုးမယ့် နှုတ်ခမ်းနီအရောင်ရပြီဆိုရင် သူ့ကို နှုတ်ခမ်းကိုတိုက်ရိုက်ဆိုးတာထက် Lip Brush လေးနဲ့ ယူပြီးဖြန့်ဆိုးပေးတာမျိုး လုပ်ပေးပါနော်။ နှုတ်ခမ်းအလယ်နားကနေ ဘေးဘက် Liner ဖော်ထားတဲ့ဘက်ကို Blend လုပ်သွားပြီး ဆိုးပေးရပါမယ်။ ဒီလိုလုပ်ပေးတာက နှုတ်ခမ်းနီကို ညီညီလေးဖြစ်စေသလို ထူသွားသလိုမမြင်ရဘဲ နှုတ်ခမ်းဖူးဖူးလေးရစေမှာပါ။

Cupid Bow နေရာကို Highlight ထည့်ပေးပါ


အပေါ်နှုတ်ခမ်းရဲ့ အလည်က ခွက်နေတဲ့ Cupid Bow လို့ခေါ်တဲ့နေရာလေးမှာ ပြောင်ပြောင်လေးဖြစ်နေအောင် Highlight လေးထည့်ပေးတာက သင့်အပေါ်နှုတ်ခမ်းသားကို ပိုထင်းပြီး ဖူးဖူးလေးမြင်ရစေမှာပါ။

နောက်ဆုံးအဆင့် Lip Gloss လေးဆိုးလိုက်ပါ


နှုတ်ခမ်းလေးစိုနေမှာ သင့်နှုတ်ခမ်းဖူးလေးကို ထင်းနေစေမှာမို့ နောက်ဆုံးအဆင့်အနေနဲ့ Lip Gloss လေးဆိုးပေးလိုက်ပါနော်။ ဒါဆိုရင်တော့ ရှိရင်းစွဲထက် ထူသွားသလိုမြင်ရတဲ့ နှုတ်ခမ်းဖူးလေးတွေကို ပိုင်ဆိုင်နိုင်ပါပြီ။

Photo Source: Pinterest

By MyStyle Myanmar