အားလုံးပဲမင်္ဂလာပါနော်။ နှုတ်ခမ်းနီဆိုတာ ပျိုမေတို့ရဲ့ တစ်နေ့တာအတွက် မပါမဖြစ်ပါပဲ။ အားလုံးလည်း နှုတ်ခမ်းနီ ဆိုးတတ်ကြမှာပါနော်။ ဒါပေမယ့် ကိုယ်ဆိုးတဲ့ နှုတ်ခမ်းနီ ဆိုးပုံဆိုးနည်းက တကယ်ရော ပုံကျလှပရဲ့လား။ ဒီလိုသံသယဖြစ်နေရင်တော့ နှုတ်ခမ်းနီကို ပုံကျလှပအောင် နည်းမှန်လမ်းမှန်နဲ့ ဆိုးနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားပါမယ်နော်။

၁။ နှုတ်ခမ်းသားနူးညံ့နေပါစေ

ပထမဆုံး အရေးကြီးတဲ့အချက်ကတော့ သင့်နှုတ်ခမ်းသားလေး လတ်ဆတ်နေဖို့လိုပါတယ်။ အရင်ဆုံး နှုတ်ခမ်းပေါ်မှာရှိတဲ့ အညစ်အကြေးတွေ အဆီတွေကို သေချာလေး ဖယ်ရှားပေးလိုက်ပါ။

၂။ အလက်လေးတွေ အများကြီးမထည့်ပါနဲ့

နှုတ်ခမ်းနီပေါ်မှာ အလက်လေးတွေအများကြီးမထည့်ပါနဲ့။ အဲဒီလိုထည့်တာဟာ သင့်ကိုလည်း ပိုပြီးဆွဲဆောင်မှုရှိနေစေမှာမဟုတ်ပါဘူး။

၃။ မှန်ကန်တဲ့အရောင်ကိုရွေးချယ်ပါ

အရောင်တောက်တောက်ရွေးမယ်ဆိုရင်လည်း ဘယ်လောက်ထိတောက်မလဲဆိုတာကို သေချာရွေးပါ။ ကိုယ့်ရဲ့ ပင်ကိုယ် နှုတ်ခမ်းအရောင်နဲ့ သေချာချိန်ပြီး ရွေးသင့်ပါတယ်။

၄။ အရောင်ဖျော့ပေမယ့် မှန်ကန်တဲ့ အရောင်ရှိပါစေ

Nude အရောင်ဆိုပေမယ့်လည်း သင့်တင့် မှန်ကန်တဲ့ အရောင်ကိုရွေးချယ်လိုက်ပါ။ သင့်ရဲ့ အသားအရေထက် ပိုပြီး တောက်မှာလား။ ပိုပြီးမှောင်ဆိုးမှာလား သေချာရွေးပါ။

၅။ လိုင်နာ အရမ်းမသုံးပါနဲ့

နှုတ်ခမ်းဘေးက လိုင်နာကို အရမ်းအများကြီး မသုံးပါနဲ့။

၆။ အလယ်ကနေ စဆိုးမယ်

နှုတ်ခမ်းနီစဆိုးရင် အလယ်ကနေ စပြီးဆိုးလိုက်ပါ။ ပြီးမှ နှုတ်ခမ်းဘေးဖက်ကို ဆွဲဆိုးပေးပါ။

၇။ နည်းနည်းနဲ့ အကြိမ်ကြိမ်ဆိုးပါ

နှုတ်ခမ်းနီကို နည်းနည်းချင်းဆီယူပြီး အကြိမ်ကြိမ်ဆိုးလိုက်ပါ။

၈။ နှုတ်ခမ်းကို ဒီလိုလုပ်ပါ

နှုတ်ခမ်းနီကို တစ်ရှုးစနဲ့ ကပ်ပေးလိုက်တာမျိုး လုပ်ပါ။