အားလုံးပဲမင်္ဂလာပါနော်။ မျက်တောင်အတုတပ်တဲ့အခါမှာ အပေါ်မျက်တောင်မွှေးအတုကိုပဲ အများအားဖြင့် တပ်ကြလေ့ရှိပါတယ်။

ဒီတခါမှာတော့ အောက်မျက်တောင်မွှေးတပ်ဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် အောက်မျက်တောင်မွှေးကို ဘယ်လိုတပ်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

အရင်ဆုံး မျက်ခုံးမွှေးအောက်ပိုင်းမှာ Highlighter အရင် ဆိုးလိုက်ပါ။

အညိုရောင် Eye-Shadow ကို အရင်ဆိုးလိုက်ပါ။

အောက်မျက်ခမ်းကိုလည်း ပန်းရောင် Eye-Shadow လေး ဆိုးပေးလိုက်ပါ။

ပြီးရင် Eye-Liner ဆိုးလိုက်ပါ။

ပြီးသွားရင်တော့ အဖြူရောင် Eye-Liner ကို မျက်ခမ်းမှာ ဆိုးပေးလိုက်ပါ။

အပေါ် မျက်တောင်မွှေးအတု တပ်လိုက်ပါ။

အောက်မျက်တောင်အတုကို ဘယ်လိုတပ်မလဲ

အောက်မျက်တောင်မွှေးကိုတော့ ဇာကနာလေးနဲ့ မျက်ခမ်းနားမှာ တပ်ပေးလိုက်ပါ။

အောက်မျက်တောင်အတုကို ဘယ်လိုတပ်မလဲ

Photo: www.fashionguilt.blogspot.com