တချို့သူတွေက ကြည့်လိုက်တာနဲ့ အရှိန်အဝါ ရှိပြီး တခြားသူထက် ထူးခြားနေတတ်ပါတယ်။ ဒါက သူတို့ရဲ့ အပြင်အဆင်ကြောင့် ဖြစ်နိုင်သလို၊ အတွင်းစိတ်၊ ခံယူချက်၊ ယုံကြည်မှုရှိတဲ့လှုပ်ရှားမှုတို့ကြောင့် ဖြစ်နိုင်ပါတယ်​။

အထူးသဖြင့် ဒီလို ကိုယ်ရောင်ကိုယ်ဝါ တောက်ပခြင်းကို နာမည်ကျော်တွေမှာ တွေ့ရတတ်ပါတယ်။ သူတို့ကို ကြည့်လိုက်ရင် သာမန်လူတွေထက် ထူးခြားနေတာမျိုးပါ။ သင်က အရင်ထက် ဆွဲဆောင်မှု ရှိပြီး ကိုယ်ရောင်ကိုယ်ဝါ တောက်ပလာဖို့ လုပ်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ ခန္ဓာကိုယ် အချိုးအစားကို မှန်ကန်အောင် လေ့ကျင့်ပါ

ဆွဲဆောင်မှု ရှိအောင် ဖန်တီးနိုင်မယ့် နည်းလမ်းတစ်ခုကတော့ ခန္ဓာကိုယ် Posture မှန်အောင် ထားတာပါ။ သင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိရင်တောင် ရှိချင်ယောင်ဆောင်သင့်ပါတယ်။

၂။ သင်ဖန်တီးနိုင်တဲ့ အရာ (၃) ခု

ကိုယ်ရောင်ကိုယ်ဝါ တောက်ပချင်တဲ့ မိန်းကလေးတွေ အနေနဲ့ ပြုံးတတ်အောင်၊ အပြုံးချိုအောင် လေ့ကျင့်သင့်ပါတယ်။ ဒါ့အပြင် ရယ်စရာရှိရင် ရယ်ပြီး စိတ်ကို မချုပ်တည်းထားသင့်ပါဘူး။ ခန္ဓာကိုယ် ရနံ့မွှေးနေဖို့ ရေမွှေး မဖြစ်မနေ ဆွတ်သင့်ပါတယ်။

၃။ သင့်ဖက်ရှင်

ဆွဲဆောင်မှု ပိုရှိကာ အရောင်ထွက်လာဖို့ အရောင်တောက်တဲ့ အဝတ်အစားတွေကို ဝတ်ပေးရပါမယ်။ သင်က ဆံပင် Blonde ရောင်ဆိုးထားရင် အင်္ကျီအဖြူကို ရှောင်သင့်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ ကွက်တိဖြစ်တဲ့ အဝတ်အစားတွေကို ဝတ်သင့်ပြီး အနီရောင် များများလေး ဝတ်သင့်ပါတယ်​။

၄။ စကားပြောတဲ့အခါ

သင်က တခြားသူတွေနဲ့ စကားပြောတဲ့အခါ သူတို့ မျက်လုံးကို ကြည့်ပြောသင့်ပါတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းလို့ အဓိပ္ပာယ် ဆိုနိုင်ပါတယ်။ လေ့လာချက်တွေအရ လူတစ်ယောက်ရဲ့ ဘယ်ဘက်မျက်လုံးကို ကြည့်ပြောတာက ပိုဆွဲဆောင်မှုရှိတယ်လို့ ဆိုထားကြပါတယ်။

၅။ စကားလုံးရွေးချယ်မှု

အရင်ထက် ဆွဲဆောင်မှု ပိုရှိလာဖို့ သင့်ရဲ့ စကားပြော အထားအသိုကလည်း အရေးပါ ပါတယ်။ သင်ပြောတာကို လူတွေက မေ့နိုင်ပေမယ့် သူတို့ ခံစားချက်ကို ဖောက်ထွင်းပြောလိုက်ရင်တော့ သင့်ကို သူတို့ တစ်သက်မေ့တော့မှာ မဟုတ်ပါဘူး။

၆။ လမ်းလျှောက်တဲ့အခါ

ကိုယ်ရောင်ကိုယ်ဝါ တောက်နေဖို့ လမ်းလျှောက်ပုံကလည်း အရေးကြီးပါတယ်။ ခေါင်းကို အမြဲ တည့်တည့်ထားပြီး ဟာသပြောတတ်ရင် ပေါ့ပေါ့ပါးပါး ပြောရုံပါပဲ။

၇။ အလှအပ

အလှအပ အနေနဲ့တော့ နေပူတဲ့အချိန် နေကာမျက်မှန် ဝတ်ဖို့ မရှက်သင့်ဘဲ အပြင်ထွက်တိုင်း မျက်ခုံးခြယ်ပြီးမှ ထွက်သင့်ပါတယ်။

၈။ Perfect ဖြစ်ဖို့ မကြိုးစားသင့်ပါဘူး

အရှိန်အဝါ ရှိနေဖို့ အပြစ်ပြောစရာ မရှိအောင် Perfect ဖြစ်နေမှ မဟုတ်ပါဘူး။ ကိုယ့် အားနည်းချက်၊ အပြစ်တွေကို လက်ခံထားသူတွေက လူချစ်လူခင် ပိုများလေ့ရှိပါတယ်။

Photo Source: Pinterest

By MyStyle Myanmar