ပျိုမေတိုင်းလိုလို ထူးခြားတဲ့ မွေးရနံ့မျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ အခန်းထဲ ဝင်လိုက်တာနဲ့လူမဝင်ခင် မွှေးရနံ့လေး အရင်ရနေတာ မျိုးကို မိန်းကလေးတိုင်း လိုချင်ကြပါတယ်။ ချစ်ရသူ ကောင်လေးကိုလည်း ကိုယ့်မွှေးရနံ့လေးကို အမြဲမှတ်မိ စေချင်ကြပါတယ်။ သင်ကိုယ်တိုင်လည်း အမြဲမွှေးနေတတ်တဲ့ မိန်းကလေးမျိုးကို ကြုံဖူးမှာပါ။ အနံ့နဲ့ လူနဲ့ တွဲပြီး သိနေတာမျိုးပါ။ သင့်နားကပ်လိုက်တာနဲ့ သင့်ဆီက မွှေးတယ်ဆိုတဲ့ ထင်မြင်ချက်ကို သင်လိုချင်မှာပါ။ ဒီတော့ ဒီလို မွှေးရနံ့ အရည်အချင်းတွေကို ဘယ်လိုရနိုင်မလဲ ကြည့်လိုက်ရအောင်-

၁။ သင်ကြိုက်တဲ့ အနံ့ကို ရှာပါ

ပထမဆုံး အမြဲ မွှေးနေဖို့ များများ သုံးပေးဖို့ လိုပါတယ်။ ဒီလိုများများ ခဏခဏ သုံးတဲ့အခါ ဒီအနံ့ကို သင်ကိုယ်တိုင် ကြိုက်နေဖို့လိုပါတယ်။ မဟုတ်ရင် ကိုယ့်အနံ့နဲ့ ကိုယ် မူးနေပါလိမ့်မယ်။ ဒီတော့ အရင်ဆုံး ကိုယ်ကြိုက်တဲ့ ရေမွှေးနံ့ကို ရှာဖွေလို့လိုပါတယ်။ ရေမွှေးက ဈေးကြီးနေဖို့ မလိုပါဘူး။ အဓိကက သင်ကြိုက်တဲ့ အနံ့ ဖြစ်နေဖို့လိုပါတယ်။

၂။ သင်ကြိုက်တဲ့ Shower Product တွေကို ရှာဖွေပါ

အမြဲ မွှေးနေဖို့ Shower Product တွေကလည်း ပံ့ပိုးပေးပါတယ်။ Shower Product ထဲမှာ Shower Gel, Body Butter နဲ့ဆပ်ပြာ မျိုးစုံ ဝင်ပါတယ်။ သင်ကြိုက်တဲ့ ရေမွှေးနံ့နဲ့ Shower Gel, Body Butter နံ့တူနေရင် ပို အဆင်ပြေပါတယ်။

၃။ Scrub တိုက်ပါ

အသားအရေပေါ်က ဆဲလ်သေတွေ လျော့ပါးလာမှ အမွှေးရနံ့တွေ သုံးတဲ့အခါ အသားအရေ ထဲ အလွယ်တကူ စိမ့်ဝင်မှာပါ။ Scrub ကြောင့် သင့်အသားအရေက ကျန်းမာပြီး ပိုမို စိုပြေလာပါလိမ့်မယ်​။ တစ်ပတ်မှာ တစ်ခါ ဒါမှမဟုတ် နှစ်ခါလောက် Scrub တိုက်ပေးသင့်ပါတယ်။

၄။ ခေါင်းလျှော်တဲ့နေ့

ခေါင်းလျှော်ရည်နဲ့ Conditioner ရွေးတဲ့အခါ အနံ့တူတာမျိုး ရှာသင့်ပြီး အနံ့မွှေးမွှေးလေး ရွေးသင့်ပါတယ်။ ဒါပေမဲ့အနံ့ထက် သင့်ဆံပင်အမျိုးအစားနဲ့ အဆင်ပြေတာပါ ဖြစ်သင့်ပါတယ်။

၅။ သင့်ကိုယ်ပိုင် ရနံ့ကို ရှာဖွေပါ

တစ်ယောက်နဲ့ တစ်ယောက် ကြိုက်တဲ့ အနံ့ မတူပါဘူး။ သင့်အကြိုက်အလိုက် သင့်ကို ကိုယ်စားပြုမယ့် အနံ့တစ်မျိုးကို ရှာဖွေသင့်ပါတယ်။ ရှာပြီး တွေ့တာနဲ့ ဒါကိုစွဲစွဲမြဲမြဲ သုံးပါ။ အနံ့ကိုလည်း သင်သုံးသမျှ တစ်မျိုးတည်း ဖြစ်သင့်ပါတယ်။ ဥပမာ- သင်က Vanilla နံ့ကြိုက်ရင် ရေချိုးဆပ်ပြာ၊ Vanilla Scrub နဲ့ Vanilla ရေမွှေးကို ရှာဝယ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar