ဘောင်းဘီအဖြူဝတ်တဲ့အခါ သင်ရွေးလိုက်တဲ့ Accessories တွေက ဝတ်ထားတဲ့ Outfit ကို ပိုပြီးပြည့်စုံစေပါတယ်။ ဒါကြောင့် ဘောင်းဘီအဖြူဝတ်တဲ့အခါ ဒီ Accessories တွေဝတ်ဖို့ မမေ့ပါနဲ့။
ခါးပတ်
ဘောင်းဘီအဖြူမှာ ရိုးရိုးရှင်းရှင်းနဲ့ Classic Look ပုံစံ သားရေခါးပတ်ပတ်ပြီး ဝတ်တာက သင့်ရဲ့ကောက်ကြောင်းကို ပိုပြီး ပေါ်စေပါတယ်။ ဝတ်တဲ့ဘောင်းဘီအဖြူက ခါးမြင့်ဘောင်းဘီဆိုရင် အင်္ကျီကိုဘောင်းဘီထဲထည့်ပြီး ခါးပတ်ပတ်တဲ့အခါ တင်းနေအောင်ပတ်ပါ။
Jewelry
ဘောင်းဘီအဖြူနဲ့ အလိုက်ဖက်ဆုံး Jewelry က ရိုးရှင်းလေ ပိုပေါ်လေပါပဲ။ ဘောင်းဘီအဖြူကို ရွှေရောင်ဆွဲကြိုး ၊ ရွှေရောင်နားကပ်နဲ့ တွဲဝတ်လိုက်ရင် သင့်ရဲ့ပုံစံကို တမျိုးလေးပြောင်းလဲပေးနိုင်ပါတယ်။
Shoes
ဘောင်းဘီအဖြူအတွက် ဖိနပ်ရွေးတဲ့အခါ ပေါ့ပေါ့ပါးပါးပုံစံအတွက်ဆို ခြေညှပ်ဖိနပ်ကို ရွေးပါ။ မဟုတ်ဘဲ ပွဲတက်အတွက်ဆိုရင်တော့ Heels or Ankle Boots ကို ရွေးလို့ရပါတယ်။
Bag
ဘောင်းဘီအဖြူနဲ့ တွဲကိုင်ဖို့အိတ်ရွေးတဲ့အခါ ရိုးရိုးရှင်းရှင်းအတွက်ဆို Leather Tote or Shoulder Bag ကို ရွေးပြီး လူငယ်ဆန်တာမျိုးကြိုက်ရင်တော့ အရောင်ပါတဲ့ Crossbody or Clutch ကို ရွေးလို့ရပါတယ်။
Hat
ဉီးထုပ်ကလည်း ဘောင်းဘီအဖြူနဲ့လိုက်တဲ့ Accessories ထဲမှာပါတာမလို့ ဉီးထုပ်ဆောင်းရတာကြိုက်ရင် ဆောင်းလို့ရပါတယ်။