တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေကြတော့လို့ Relationship တစ်ခု ပြီးဆုံးသွားတဲ့အခါ ဒါကို အမှန်အတိုင်းလက်ခံဖို့က တကယ်တော့  လုံးဝမလွယ်ပါဘူး။ လမ်းခွဲခြင်းက ရှောင်လွှဲလို့ မရဘူးလို့ ခံစားရတဲ့အခါ အဆုံးသတ်တိုင်းက အမြဲတမ်းခက်ခဲတတ်ပေမယ့် ဒါကို မဖြစ်မနေလက်ခံဖို့တော့ လိုပါတယ်။

ငိုချင်ရင် ငိုလိုက်ပါ

စိတ်ခံစားချက်တွေကိုအဆင်ပြေဖို့ လက်ခံဖို့က ရှည်ကြာနိုင်ပါတယ်။ လူအများရှေ့မှာ စိတ်မာသလိုနေနေရပေမယ့် ယုံကြည်ရသူတွေရဲ့ရှေ့မှာတော့ ထုတ်ဖော်လိုက်ပါ။ ဒါက အဆုံးသတ်ကိုလက်ခံနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

အတွေးတွေကို ချရေးပါ

“ဒီ Relationship က ဘာကြောင့် အလုပ်မဖြစ်တော့တာလဲ” လိုမျိုး မေးခွန်းမျိုးတွေ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ ဒါမှ လမ်းမခွဲခင်နဲ့ လမ်းခွဲတဲ့အကြောင်းရင်းတွေကို သင်သေချာသဘောပေါက်လာမှာပါ။ လမ်းခွဲချိန်က ဖြစ်ခဲ့တဲ့အရာတွေကို  ပြန်လည်သုံးသပ်ဖို့ အချိန်ကောင်းပါပဲ။ အဲဒါကနေ ဘယ်လိုသင်ခန်းစာတွေ ရနိုင်မလဲ။ ဒါကလည်း အဆုံးသတ်ကိုလက်ခံနိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။

ယုံကြည်ရတဲ့သူတစ်ယောက်ကို ခံစားချက်တွေ ပြောပြပါ

Relationship တစ်ခုအဆုံးသတ်သွားတိုင်း သင်တစ်ယောက်တည်းဖြစ်သွားတာ မဟုတ်ပါဘူး။ သင့်မှာ လက်တွဲဖော်တစ်ယောက်တည်းရှိတာမဟုတ်ဘဲ သူငယ်ချင်းတွေ မိဘ ညီအစ်ကိုမောင်နှမတွေ ရှိပါသေးတယ်ဆိုတာ သတိရလိုက်ပါ။  သင့်ခံစားနေရတာတွေကို ယုံကြည်ရတဲ့တခြားတစ်ယောက်ဆီ ပြောပြကြည့်ပါ။ အဲဒီလိုလုပ်ရတာ သက်တောင့်သက်သာရှိတယ်ဆိုရင် သူစိမ်းတွေနဲ့ စကားပြောတာကလည်း အကြံကောင်းတစ်ခုပါပဲ။

မအားအောင်နေပါ

လမ်းခွဲပြီးတဲ့အခါ ခရီးထွက်တာ ၊ စေတနာ့ဝန်ထမ်းလုပ်တာ ဒါမှမဟုတ် ဝါသနာအသစ်တစ်ခုကို စမ်းတာမျိုး လုပ်ကြည့်ပါ။ ပိုလာတဲ့အချိန်တွေကို သူငယ်ချင်းများ မိသားစုနဲ့အတူတူ အချိန်ဖြုန်းလိုက်ပါ။ Single ဘဝကလည်း အံ့သြစရာကောင်းလောက်အောင် အကျိုးရှိတဲ့ဘဝတစ်ခုဖြစ်တယ်ဆိုတာ သင်သတိထားမိလာမှာပါ။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့ အလေ့အကျင့်တချို့ကို လုပ်ပါ

ကျန်းမာရေးကို ဦးစားပေးတာက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို  ကြံ့ခိုင်စေဖို့ အထောက်အကူပြုပါတယ်။ရေချိုးတာ၊ လမ်းလျှောက်တာ ဒါမှမဟုတ် စာအုပ်တစ်အုပ် ဖက်နေတာပဲဖြစ်ဖြစ်၊ နေ့တိုင်း အချိန်တစ်ခုလောက် အချိန်ပေးပြီး လုပ်ပါ။တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းနဲ့ သတိပဋ္ဌာန်လေ့ကျင့်ခန်းတွေကလည်း  မိမိကိုယ်ကို ဂရုစိုက်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေဖို့ အကောင်းဆုံးနည်းလမ်းများပါပဲ။