အားလုံးပဲ မင်္ဂလာပါ။ ချစ်ရသူတစ်ယောက် ပို်င်ဆိုင်ထားတဲ့လူတစ်ယောက်အဖို့ ကိုယ့်ချစ်သူကို စိတ်ချမ်းသာစေချင်သူတွေချည်းပါပဲ။ တစ်ခါတလေ စကားများရတာတွေရှိနိုင်ပေမယ့် သူ့ကို ချစ်တယ်ဆိုရင်တော့ ကိုယ့်ဘက်ကလည်း အလျှော့ပေးတာတွေ လုပ်ပေးသင့်ပါတယ်။ သင်က သင့်ချစ်သူကောင်လေးအတွက် ချစ်သူကောင်းပီသတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို သိထားသင့်ပါတယ်။

၁။ ရယ်စရာပြောတတ်တယ်

ကိုယ့်ချစ်သူကောင်လေး ပျော်ဖို့ ဟာသတွေပြောတတ်ပါတယ်။ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းတဲ့မိန်းကလေးတွေပါ။

၂။ အမှီအခိုကင်းပြီးကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်

ချစ်သူကောင်းပီသဖို့ သူ့ကို မှီခိုနေစရာမလိုပါဘူး။ အမြဲဆက်သွယ်နေစရာလည်း မလိုပါဘူး။ ကိုယ့်ဘဝ ကိုယ့်စံသတ်ချက်နဲ့ ရပ်တည်တတ်တဲ့ ပျိုမေတို့က ချစ်သူကောင်းမိန်းကလေးတွေပါ။


၃။ ရိုးသားတယ်

ချစ်သူကောင်းပီသတဲ့ မိန်းကလေးတစ်ယောက်က ကိုယ့်ချစ်သူအပေါ် ရိုးသားပါတယ်။ မလိမ်တတ်ဘဲ သစ္စာရှိပါတယ်။ ပြီးတော့ ကြင်နာတတ်တဲ့ နှလုံးသားရှိပါတယ်။

၄။ သူ့ကိုလေးစားတယ်

ချစ်သူကောင်လေးကို လေးစားပြီး သူ့အတွက် အမြဲဂုဏ်ယူနေတတ်တဲ့ မိန်းကလေးတွေပါ။

၅။ ချစ်သူရဲ့ သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင်နေတယ်

ချစ်သူကောင်လေးရဲ့သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင်နေပြီး ချစ်သူကောင်လေးကို အပြည့်အဝနားလည်သူတွေဖြစ်ပါတယ်။

၆။ နားထောင်တယ်

ချစ်သူကောင်လေးရဲ့ ရင်ဖွင့်စကားတွေ၊ ခံစားချက်တွေကို ဂရုတစိုက်နားထောင်သူတွေဖြစ်ပါတယ်။


၇။ အကောင်းမြင်စိတ်ရှိသူ

ချစ်သူကိုပျော်အောင်ထားပြီး အကောင်းမြင်စိတ်ရှိတဲ့ မိန်းကလေးတွေဖြစ်ပါတယ်။ အမြဲပျော်နေရမယ်လို့ မဆိုလိုပါဘူး။ တကယ်လို့ ဘဝက ကြမ်းတမ်းခဲ့ရင်လည်း အတတ်နို်င်ဆုံး အကောင်းဘက်တွေးသူတွေဖြစ်ပါတယ်။

၈။ ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ခွဲခြားတတ်သူ

ချစ်သူကောင်းပီသတဲ့ မိန်းကလေးတွေက ထက်မြက်သူတွေလညး်ဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ကိုယ်လုပ်နေတဲ့ အလုပ်ကို သပ်သပ်စီ ခွဲခြားနိုင်သူတွေဖြစ်ပါတယ်။


သင်က ဒီအချက်တွေအကုန်ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်လား။ သင်က ကောင်လေးတစ်ယောက်ဆိုရင်ကော သင့်မှာ ဒီလိုမိန်းကလေးတစ်ယောက်ပိုင်ဆိုင်ထားပြီလား ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar