မိမိကိုယ်ကို မသိခြင်းက သင်ထင်ထားတာထက်ပိုပြီး ရှုပ်ထွေးပါတယ်။ သူများအကြောင်းတွေကို စပ်စုနေတာထက် ကိုယ့်အကြောင်းကိုယ် ပြန်ပြီး လေ့လာသင့်ပါတယ်။ လူတွေရဲ့အတွင်းထဲမှာ သူတို့ကိုယ်တိုင်တောင်မသိဘဲ ပုန်းကွယ်နေတဲ့ ပင်ကိုစရိုက်လေးတွေ အများကြီးရှိပါတယ်။

ဒီနေ့တော့ လူတွေအကြောင်း အနည်းငယ်ပြောပြပေးချင်ပါတယ်။ အချက်အားလုံးက မှန်တယ်လို့ ပြောလို့မရပါဘူး။ အားလုံးကို ခြုံပြီး သုံးသပ်ထားခြင်းသာဖြစ်ပါတယ်။

သင် ဘာကိုအရင်ဆုံးမြင်သလဲ?

သော့ပေါက် – သင်ဟာ သင်မသိသေးတဲ့ အရာတွေအကြောင်း သင်ယူရတာကို ကြိုက်နှစ်သက်သူဖြစ်ပါတယ်။ ပြီးတော့ comfort zone ထဲမှာလည်း နေချင်တဲ့သူမဟုတ်ဘူး။ သင်ဟာ တစ်စုံတစ်ယောက်ကို စိတ်ဝင်စားကောင်း စိတ်ဝင်စားနေပါလိမ့်မယ်။ သူနဲ့ စကားသွားပြောလိုက်ပါ။

ငိုနေတဲ့ပုံ – သင့်ရဲ့ ခံစားချက်နဲ့ လိုအင်ဆန္ဒတွေကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အပန်းဖြေအနားယူဖို့နဲ့ စိတ်ကိုရှင်းရှင်းလင်းလင်းဖြစ်စေဖို့အတွက် အချိန်ပေးဖို့ လိုအပ်ပါတယ်။

သင် ဘာကိုအရင်ဆုံးမြင်သလဲ?

မျက်နှာ – သင်ဟာ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းသူတစ်ယောက်ပါ။ အခြားလူတွေရဲ့ ဘဝကို စပ်စုတတ်တဲ့သူလည်းဖြစ်ပြန်တယ်။ အရာအားလုံးက သင့်အတွက် စိတ်ဝင်စားစရာတွေချည်းပါပဲ။ သင်ဟာ တစ်စုံတစ်ခုကို အသေးစိတ်လေ့လာဖို့ထက် ယေဘုယျအားဖြင့်သာ ကြည့်တတ်တဲ့လူမျိုးဖြစ်ပါတယ်။

ငါး – သင်ဟာ သင်လက်ရှိနေထိုင်နေရတဲ့ ဘဝကို ကျေနပ်ပျော်ရွှင်နေတဲ့သူပါ။ ကံကိုယုံပြီး အနာဂတ်ပျော်ရွှင်မှုကို မျှော်မှန်းထားသူပါ။ သင့်အတွက် အသေးစိတ်အချက်အလက်တွေက အရမ်းအရေးကြီးပါတယ်။

သင် ဘာကိုအရင်ဆုံးမြင်သလဲ?

ပွင့်နေတဲ့ တံခါး – သင်ဟာပြောင်းလဲဖို့ အသင့်ဖြစ်နေတဲ့သူပါ။ မှန်ကန်တဲ့ လမ်းကိုလည်း အမြဲရွေးချယ်တတ်သူလည်းဖြစ်ပါတယ်။ သင်ဟာ အနာဂတ်ဖြစ်လာမယ့်အရာတွေကို စိတ်လှုပ်ရှားစွာနဲ့ ရင်ဆိုင်တတ်သူပါ။ သင်ဟာ အခြားလူတွေအတွက် အားကျစရာလူတစ်ယောက်ဖြစ်ပါတယ်။

ဂီတသံစဉ် – သင်ဟာ ကမ္ဘာကြီးအတွက် အရေးပါသူတစ်ယောက်ဖြစ် မိမိကိုယ်မိမိ မှတ်ယူထားသူပါ။ နောက်ကိုလှည့်မကြည့်ပါနဲ့။ ကိုယ်လုပ်ရမယ့်အရာကို ရဲရဲကြီးသာ လုပ်ပါ။

သင် ဘာကို အရင်ဆုံးမြင်သလဲ?

မျက်နှာ – သင့်ဘဝမှာ အရေးကြီးဆုံးအရာတွေက သိတတ်စိတ်၊ ပျော်ရွှင်မှု၊ ဉာဏ်ပညာ၊ ကျေနပ်မှု နဲ့ စပ်စုမှုတွေပဲ ဖြစ်ပါတယ်။

ပန်းသီး – သင်ဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ အတွေးအမြင်သဘောထား ကိစ္စတွေနဲ့ပတ်သက်ရင် မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်သူဖြစ်ပါတယ်။

ထိုင်နေတဲ့လူ – ဘဝမှာ အရာအရာတိုင်း ဟန်ချက်ညီနေဖို့က သင့်အတွက်အရေးကြီးပါတယ်။

Source: Bright Side