နေ့စဉ်နဲ့အမျှ တာဝန်တွေကြား အလုပ်များနေတဲ့ အောင်မြင်သူတွေဟာ သူတို့ရဲ့  အားလပ်ချိန်တွေကို ဘယ်လိုတန်ဖိုးရှိရှိ အသုံးချတတ်ကြပါသလဲ။ ဖိအားတွေကို အချိန်နဲ့အမျှ ရင်ဆိုင်ကျော်လွှားနေကြတဲ့ သူတွေ အားလပ်ချိန်မှာ ပြုလုပ်တတ်တဲ့အရာတွေကလည်း အတော်စိတ်ဝင်စားစရာကောင်းနေပါတယ်။ အားလပ်ချိန်မှာ သူတို့ ပြုမူတတ်တဲ့ အရာတွေက သူတို့ ရရှိထားတဲ့ အောင်မြင်မှုအတွက် ရာခိုင်နှုန်းတော်တော်များများ အရေးပါနေပါတယ်။

မိသားစုနဲ့အတူ ပျော်စရာအချိန်တွေ ဖန်တီးခြင်း

အောင်မြင်သူတွေဟာ အထူးသဖြင့် အားလပ်ချိန်ဆိုတာ ရှားပါးလွန်းပါတယ်။ သူတို့ရဲ့ အားလပ်ချိန်တွေမှာတော့ သူတို့ဘဝမှာ အလွန်အရေးပါလှတဲ့ မိသားစုလေးနဲ့အတူ ပျော်ရွှင်စရာ အရာတွေကို ဖန်တီးတတ်ကြပါတယ်။ တန်ဖိုးရှိတဲ့ အားလပ်ချိန်မှာ အစားထိုးမရတဲ့ မိသားစုရဲ့ ပျော်ရွှင်မှုက သူတို့ရဲ့ ဖိစီးမှုတွေကို ဖြေဖျောက်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာလည်းဖြစ်ပါတယ်။

၂၄ နာရီလုံးလုံး အလုပ်တွေထဲ လုံးဝအပိတ်မခံခြင်း

Source: Crosswalk.com

အောင်မြင်သူတွေဟာ မိုးလင်းမိုးချုပ်အလုပ်တွေထဲ ပိတ်မိနေတာတော့ မှန်ပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ သူတို့ရဲ့ တစ်ရက်တာလုံးကို အလုပ်ထဲ ပိတ်မိမခံကြပါဘူး။ ဒီလိုသာ ၂၄ နာရီလုံးလုံး အလုပ်ထဲ ပိတ်မိနေမယ်ဆိုရင်လည်း အောင်မြင်သူဖြစ်လာမှာမဟုတ်ပါဘူး။ ၂၄ နာရီလုံးလုံး အလုပ်ထဲပိမိနေသူဟာ ကျန်းမာရေး ၊ လူမှုရေး စီးပွားရေးတွေမှာ ချို့ယွင်းလာမှာ သေချာပါတယ်။

အားလပ်ချိန်မှာ TV ကြည့်မနေခြင်း

Source: Shutterstock

သူတို့ရဲ့ အားလပ်ချိန်တွေမှာ တီဗီကြည့် အပန်းဖြေမယ်ထင်ရင်တော့ မှားပါတယ်။ အားလပ်ချိန်တွေမှာ တီဗီအစား စာအုပ်ထဲက အသိပညာတွေနဲ့ သူတို့ရဲ့ အားလပ်ချိန်ကို အသုံးချတတ်ကြပါတယ်။ အားလပ်ချိန်မှာ စာအုပ်ဖတ်နေရတာဟာ သူတို့ရဲ့ အလွန်သာယာပျော်ရွှင်ဖွယ်ရာ စိတ်ငြိမ်ဘုံအရပ်တစ်ခုပဲဖြစ်ပါတယ်။

ကိုယ်လက် လေ့ကျင့်ခန်းတွေလုပ်ခြင်း

Source: Hashtag Legend

အောင်မြင်သူတစ်ယောက်အတွက် ကျန်းမာရေးကလည်း အထူးအရေးပါတဲ့ ကဏ္ဍတစ်ရပ်ထဲမှာပါပါတယ်။ ဒီတော့ သူတို့အတွက် ကိုယ်လက်လှုပ်ရှားမှုဟာလည်း ပစ်ပယ်ထားခဲ့လို့မရပါဘူး။ ကျန်းမာရေးကောင်းနေမှသာ အောင်မြင်မှုကို လျှောက်လှမ်းနိုင်မှာ ဖြစ်တဲ့အတွက် ကိုယ်လက်လေ့ကျင့်ခန်းကလည်း သူတို့ မလုပ်မဖြစ် လုပ်နေတဲ့ အရာပါပဲ။

မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စရာတွေ ဖန်တီးခြင်း

Source: Dua Kelinci

သူတို့အတွက် မိသားစုပြီးရင် နောက်ထပ်အရေးကြီးဆုံးသူတွေဟာ မိတ်ဆွေသူငယ်ချင်းတွေပါ။ ဘာအလုပ်ကိစ္စမှမပါဘဲ သူငယ်ချင်းတွေ တွေ့ဆုံပြီး ထွေရာလေးပါးပြောဆိုရယ်မောရတာဟာ သူတို့ရဲ့ အလုပ်အတွက် စိတ်ဖိစီးမှုတွေရဲ့ အဝေးကို ရောက်သွားသလိုပါပဲတဲ့။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အော်ဟစ်ရယ်မောရတာဟာ သူတို့အသက်ကို ထက်ဝက်လောက် ငယ်ရွယ်နုပျိုသွားသလို ခံစားရစေပါတယ်။