ပိတ်ရက်တွေများပြီး အလုပ်ပြန်တက်တဲ့နေ့ဆိုရင် အလုပ်သွားရမှာပျင်းနေတာ သဘာဝပါပဲ။ ဒီလိုအချိန်ဆိုရင် အလုပ်သွားရမှာ မပျင်းအောင် တက်တက်ကြွကြွဖြစ်နေအောင် လုပ်ဖို့လိုပါတယ်။
ညဘက်စောစောအိပ်ပါ
ညဘက်ကိုစောစောအိပ်မှ မနက်စောစောနိုးနေမှာပါ။ ဒါမှလည်း အလုပ်သွားဖို့နောက်မကျမှာ။
ပျင်းနေရင် Exercise လုပ်ပါ
အိပ်ယာကထလာလည်း အလုပ်သွားရမှာပျင်းနေတယ်ဆိုရင်တော့ စောစောထပြီးသာ Exercise လုပ်လိုက်ပါ။ ဒါမှလန်းဆန်းတက်ကြွလာမှာ။
အလုပ်ကိုစောစောသွားပါ
အလုပ်ကိုနောက်မကျအောင် အလုပ်ချိန်ကွက်တိရောက်သွားတာမျိုးမဖြစ်အောင် စောစောသွားပါ။
အလုပ်ကလူတွေနဲ့ ခဏစကားပြောပါ
အလုပ်တန်းလုပ်မယ်ဆို ပျင်းပြီးစိတ်မပါပဲဖြစ်နေလိမ့်မယ်။ ဒါကြောင့် ပိတ်ရက်မှာ ဘယ်လိုတွေကုန်ဆုံးခဲ့လဲ၊ ဘယ်ခရီးတွေသွားခဲ့လဲစတာတွေ စကားစမြည်ပြောပါ။
သီချင်းနားထောင်ပြီးလုပ်ပါ
အလုပ်လုပ်ရမှာပျင်းနေရင် စိတ်မပါရင် Earphone တပ်ပြီး သီချင်းနားထောင်ရင်းနဲ့လုပ်ပါ။ မြူးတဲ့သီချင်းတွေနားထောင်ပြီးလုပ်ရင် အလုပ်လုပ်ရတာ တက်ကြွပြီး မြန်မြန်ဆန်ဆန်လည်းပြီးတယ်။ စိတ်ဝင်စားမှုလည်းပိုကောင်းပါတယ်။
အလုပ်လုပ်တဲ့အချိန်စကားမပြောပါနဲ့
အလုပ်လုပ်တဲ့အချိန်မှာ စကားပြောနေမယ်ဆိုရင်တော့ အလုပ်လုပ်ရတာ စိတ်မပါတော့ပဲနေပါလိမ့်မယ်။ ဒါကြောင့် ပြောချင်ရင် အလုပ်မလုပ်ခင်မှာပဲပြောပါ။
ကော်ဖီ၊ လက်ဖက်ရည်သောက်ပါ
နေ့လည်ရောက်ရင် အလုပ်လုပ်နေရင်းနဲ့အိပ်ချင်လာတာမျိုး ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကော်ဖီတို့ လက်ဖက်ရည်တို့သောက်ပါ။
Photo Source: www.freepik.com