အချစ်နဲ့တွေ့တဲ့သူ တော်တော်များများ မျက်လုံးကန်းသလို ဖြစ်သွားတတ်ကြတယ်။ ကိုယ့်ကို နာကျင်စေမယ့်အရာတွေကို မမြင်နိုင်ကြပါဘူး။ စိတ်မချမ်းမြေ့စရာ အဆိပ်လို Relationship မျိုး ပိုင်ဆိုင်ထားကြောင်း သိနိုင်တဲ့အချက်တွေအကြောင်း ပြောပြပေးသွားမှာပါ။

သူငယ်ချင်းတွေနဲ့တွေရခဲလာတာ သွားတွေ့ပြန်ရင်လည်း သူမပါလာတာတွေ ရှိလာပါမယ်။ ဒါက ကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေ relationship ခိုင်မြဲချင်တယ်ဆိုရင် space (ကိုယ်ပိုင်အချိန်) ပေးဖို့ လိုအပ်ပါတယ်။

နှစ်ယောက်သားအတူတူ အချိန်ဖြုန်းခြင်းက ပထမအဆင့်မှာ စွဲလန်းစေပါတယ်။ ဒါပေမယ့် ကိုယ့်ပါတနာမပါတဲ့ ဘဝမျိုးတော့ ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။ အနာဂတ်ဆိုတာ ခန့်မှန်းပြီးပြောလို့ရတဲ့ အရာမဟုတ်ပါဘူး။ အခန့်မသင့်လို့ ပြတ်သွားခဲ့ရင် ကိုယ့်အနားမှာ ဘယ်သူမှမရှိတော့ဘဲ ဖြစ်သွားနိုင်ပါတယ်။

ကိုယ့်ရဲ့ဖုန်းကိုယူကြည့်တာ မက်ဆေ့တွေဝင်ဖတ်တာတွေက ပုံမှန်မဟုတ်ပါဘူး။ ဒါက အချစ်ကိုသက်သေပြတာနဲ့ မသက်ဆိုင်ဘူး။ ဒါဟာ လူတစ်ယောက်ရဲ့ privacy ချိုးဖောက်ရာရောက်ပြီး မပျော်ရွှင်တဲ့ relationship ဖက်ကို ဦးတည်သွားစေပါတယ်။

ပြီးတော့ ဒီလို ထိန်းချုပ်တာဟာ ကိုယ့်ရဲ့ပါတနာကို အထီးကျန်သွားစေပါတယ်။ အဓိက ကတော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိနေဖို့ပါပဲ။

Relationship တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မူရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ပါတနာက ဘဏ်ကဒ်တွေ ATM ကဒ်တွေ အကုန်လုံးကို သိမ်းထားပြီး စီမံခန့်ခွဲတယ်။ အခန့်မသင့်လို့ ပြတ်သွားခဲ့ရင် ငွေရေးကြေးပိုင်းဆိုင်ရာမှာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ငွေရေးကြေးရေးပိုင်းနဲ့ ပက်သတ်လာရင် အထိန်းချုပ်မခံရဖို့ အရေးကြီးပါတယ်။

အချစ်ဆိုတာ ပျော်ရွှင်ဖို့အတွက်ဖြစ်ပါတယ်။ ကြောက်နေဖို့အတွက်မဟုတ်ပါဘူး။ သင့်ရဲ့ပါတနာဟာ သင်ယုံကြည်ဖွင့်ပြောလို့ ရတဲ့သူဖြစ်သင့်ပါတယ်။ တခုခုပြောဖို့ ကြောက်နေရတဲ့သူ မဖြစ်သင့်ပါဘူး။ ကိုယ့်ရဲ့အတွေးတွေကို ဖွင့်ဟပြောဆိုဖို့မကြောက်ပါနဲ့။ တစ်ယောက်ရဲ့အမြင်ကို တစ်ယောက်က လေးစားရပါမယ်။

တစ်ချို့ကတော့ ဒါဟာ မိမိကို ထိခိုက်တယ်လို့ မယူဆကြဘူး။ ဒါပေမယ့် relationship ဆိုတာ ကိုယ့်ရဲ့စိတ်ကို အေးချမ်းစေမယ့်အရာပဲ ဖြစ်သင့်ပါတယ်။ မကောင်းတဲ့ ခံစားချက်တွေ မရှိသင့်ပါဘူး။ missed call တွေ့တိုင်း ကြောက်စိတ်ဝင်တာမျိုး မဖြစ်သင့်ပါဘူး။