စာအုပ်ဖတ်ခြင်းက ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုဆိုတာ လူတိုင်းသိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်ယနေ့ခေတ်လူတွေရဲ့ အားလပ်ချိန်တွေမှာ စာအုပ်တွေက နေရာမရကြပါဘူး။

နည်းပညာပစ္စည်းတွေ ဆိုရှယ်မီဒီယာတွေ ဖုန်းတွေကသာ လူတွေရဲ့ အားလပ်ချိန်တွေကိုကြီးစိုးထားကြပါတယ်။ စာအုပ်ဖတ်တာဟာ ဘာတွေထူးခြားသွားမလဲ အားလပ်ချိန်တွေကို ဘယ်လိုတွေတန်ဖိုးရှိသွားစေမလဲဆိုတာ ဒီတစ်ခေါက်မှာပြောပြပေးချင်ပါတယ်။

တခြားသူတွေနဲ့ ကွဲပြားလာမယ်

စာဖတ်လေ့ရှိတဲ့လူတွေဟာ သာမာန်လူတွေထက်ပိုပြီး ဆုံးဖြတ်ချက်တွေ တွေးခေါ်ပုံတွေက ထူးခြားနေတက်ပါတယ်။ ခေါင်းထဲမှာ အသိဉာဏ်ဗဟုသုတတွေနဲ့ တဖြေးဖြေးပြည့်လာတဲ့အခါ အမှားအမှန်ကိုခွဲခြားသိမြင်လာပြီး သာမာန်လူတွေလို အုတ်ရောရောကျောက်ရောရောမဟုတ်တော့ဘဲ ပတ္တမြားတစ်လုံးလို အရောင်အသွေးတွေတောက်ပနေမှာဖြစ်ပါတယ်။

ဗဟုသုတတိုးစေတယ်

စာအုပ်တစ်အုပ်မှာ စာလုံးအရေအတွက်များစွာပါဝင်သလို ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာတွေလည်း များစွာပါဝင်ပါတယ်။ အောင်မြင်တိုးတက်နေတဲ့ ကမ္ဘာတစ်လွှားကလူပုဂ္ဂိုလ်တိုင်းလည်း စာအုပ်စာအုပ်တွေနဲ့ မကင်းခဲ့သလို စာအုပ်တွေထဲကပဲ အသိဉာဏ်ဗဟုသုတတွေကို ရခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့် အားလပ်ချိန်တိုင်းမှာတခြားသောအကျိုးမဲ့အချိန်ကုန်စေတဲ့အရာတွေထက် ဗဟုသုတတိုးဖို့ စာအုပ်ကောင်းတစ်အုပ်ဖတ်နေဖို့ အကြံပြုချင်ပါတယ်။

တွေးတောဆင်ခြင်နိုင်စွမ်းတွေပေးတယ်

ရှုပ်ထွေးမှုတွေအရမ်းကိုများတဲ့ ကမ္ဘာကြီးမှာလူသားတိုင်းလိုလို နေ့စဉ်ပြဿနာတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရစမြဲပါ။ သို့သော်လည်း အသိဉာဏ်ကြွယ်ဝပြီး တွေးတောဆင်ခြင်နိုင်စွမ်း ရှိတဲ့သူတွေအတွက်တော့ ပြဿနာတွေ အခက်အခဲတွေက ခေတ္တခဏတာ အခိုက်အတန့်တစ်ခုမျှသာ ဖြစ်စေမှာဖြစ်ပါတယ်။

စာဖတ်ခြင်းက နက်ရှိုင်းတဲ့ တွေးတောဆင်ခြင်နိုင်စွမ်းတွေတာကြောင့် အားလပ်ချိန်တွေမှာစာအုပ်စာပေတွေဖတ်သင့်ပါတယ်။

စိတ်အပန်းပြေစေတယ်

ခရီးတွေထွက်မှ ငွေကုန်ကြေးကျခံမှ စိတ်အပန်းပြေစေမှာမဟုတ်ပါဘူး။ လက်ထဲမှာ စာအုပ်လေးတစ်အုပ်ရှိရုံနဲ့ သင့်ရဲ့ အေးချမ်းတဲ့အရပ်သို့ ခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ စာအုပ်ဖတ်ခြင်းက စိတ်ရောလူပါ အပန်းဖြေအနားယူဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

ကိုယ်ကြိုက်နှစ်သက်တဲ့ စာအုပ်ထဲမှာမောပါနေရဟာ လက်ရှိဖိအားတွေ စိတ်ညစ်စရာတွေများတဲ့ လောကကြီးနဲ့ ခဏတာ အဆက်သွယ်ပြတ်သွားစေမှာဖြစ်ပါတယ်။