သင့်ဆံပင်ဖြီးတဲ့ အကြိမ်အရေအတွက်က ဘယ်နှစ်ကြိမ် ရှိရမယ်ဆိုပြီး အတိအကျကြီး မရှိပါဘူး။ ဒါပေမဲ့ ဆံသားအမျိုးအစားအလိုက် တစ်ယောက်နဲ့ တစ်ယောက် ဖြီးရမယ့် အကြိမ်ရေ မတူပါဘူး။ ဆံသားကို မှန်မှန်ကန်ကန် လိုအပ်တဲ့အချိန်မှာ ဖြီးပေးမယ်ဆိုရင် သင့်ဆံသား နဂိုထက် ပိုကောင်းပါလိမ့်မယ်။ ဒီတော့ ဆံပင် အမျိုးအစားအလိုက် ဘယ်နှစ်ကြိမ်ဖြီးရမလဲ ကြည့်လိုက်ရအောင်နော်-

၁။ ဆံသားနဂိုကောက်သူတွေ

ဆံသား နဂို ကောက်သူတွေအနေနဲ့ တစ်ရက်မှာ အကြိမ်များစွာ ဖြီးစရာမလိုသလို ဖြစ်နိုင်ရင် နေ့တိုင်း ဖြီးစရာတောင် မလိုပါဘူး။ နှစ်ရက်ခြား တစ်ခါ ခေါင်းဖြီးပေးနိုင်ပါတယ်။ သင့်ဆံပင်ပုံစံကို သဘောကျသူဆိုရင် တစ်ပတ်မှာ တစ်ကြိမ်ဖြီးရုံနဲ့တင် လုံလောက်ပါတယ်။

၂။ ဆံပင်ရှည်ပြီး ဆံသား ခြောက်သူတွေ

ဆံပင်အရှည်က ကျက်သရေရှိလှတဲ့ အပြင်အဆင်ဖြစ်ပေမယ့် ဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ သင့်ဆံပင်ကို ဖြီးဖို့ ဘီးကျဲ၊ ဆံသားခွဲပေးတဲ့ ဘီး စသဖြင့် လိုအပ်ပါတယ်။ သင်က ဆံသား ခြောက်တတ်သူဆိုရင် သဘာဝ အဆီထွက်လာဖို့ တစ်နေ့မှာ သုံးကြိမ်နီးပါး ခေါင်းဖြီးပေးသင့်ပါတယ်။

၃။ ပျက်စီးပြီး ပါးတဲ့ဆံသား

သင့်ဆံသားက ပျက်ဆီးပြီး ပါးနေတယ်ဆိုရင် ခေါင်းဖြီးတဲ့အခါ ငြင်ငြင်သာသာလေးပဲ ဖြီးသင့်ပါတယ်။ ဆံပင်အရင်း ဦးရေပြားကနေ စမဖြီးဘဲ ဆံသားအဖျားကနေ စကာ အပေါ်ကို ဖြီးသွားသင့်ပါတယ်။

၄။ ခေါင်းလျှော်ပြီးနောက်

ခေါင်းလျှော်ပြီးနောက် ဆံပင်ဖြီးတဲ့အခါ ကြမ်းကြမ်းတမ်းတမ်း မဆွဲချသင့်ပါဘူး။ ဘီးကျဲကိုသုံးကာ ဖြေးဖြေးလေး ဖြီးပေးသင့်ပါတယ်။ ဒီလိုဖြီးပေးတာက သင့်ဆံသားကို ပိုတောက်ပစေသလို ပိုကျန်းမာစေပါလိမ့်မယ်။

သင်ကော တစ်နေ့ကို ဘယ်နှစ်ကြိမ်လောက် ခေါင်းဖြီးဖြစ်လဲ ပြောပြခဲ့ပါဦး။

Source: Brightside