တကယ်လို့ သင်က မကြာခဏ ဆံပင်ညှပ်လေ့ရှိတယ်ဆိုရင် သင့် ဆံပင်ရှည်နှုန်းက နှေးတတ်ပါတယ်။ ဆံပင် မညှပ်ဘဲ နေပြန်ရင်လည်း ဆံပင် အဖျားနှစ်ခွ ဖြစ်တတ်ပါတယ်။ ဒါဆိုရင် ဘယ်အချိန်က ဆံပင်ညှပ်ဖို့ အကောင်းဆုံးအချိန်လဲ။

သင့်ဆံပင် အမျိုးအစားအလိုက် ဆံပင်ညှပ်ဖို့ အကောင်းဆုံးအချိန်ကို ဒီဆောင်းပါးကနေတဆင့် ဖော်ပြပေးလိုက်ပါ။

ဆံပင်ကောက်သားကြီးသော သူများ

သင့်ဆံကေသာက ကောက်သားကြီးတယ်ဆိုရင်တော့ ၆ လ တစ်ကြိမ် (သို့) ၃ လ တစ်ကြိမ်ခန့် ညှပ်သင့်ပါတယ်။ ဆံပင်အရှည် ထားချင်သူများအနေနဲ့ ၆ လ တစ်ကြိမ်ခန့် အဖျားတိပေးတာမျိုး လုပ်ပေးသင့်ပြီး ဆံပင်စတိုင်လ်ကို ပုံကျစေချင်တယ်ဆိုရင်တော့ ၃ လ တစ်ကြိမ်ခန့် ညှပ်သင့်ပါတယ်။

ဆံပင်ကောက်သား သေးသောသူများ

သင့်ဆံကေသာ ကွိုင်ပုံသဏ္ဍာန် ခွေလိပ်ပြီး ကောက်သားသေးတယ်ဆိုရင်တော့ ရက်သတ္တပတ် ၆ ပတ်မှ ၁၂ ပတ်အတွင်း ညှပ်သင့်ပါတယ်။

ဆံပင်ဖြောင့်သောသူ (သို့) လှိုင်းတွန်းဆံသား ပိုင်ဆိုင်ထားသူများ

ထိုဆံသားပိုင်ရှင်တွေအနေနဲ့ကတော့ ရက်သတ္တပတ် ၁၀ ပတ်မှ ၃ လကြာအတွင်း တစ်ကြိမ် ညှပ်ပါက ဆံကေသာ ကျန်းမာလှပစေပါတယ်။

ဆံပင်အုံထူသောသူများ

ဆံပင်အုံထူသူများအနေနဲ့ကတော့ ၆ လ တစ်ကြိမ်ခန့် ဆံပင်ညှပ်ပေးပါက ဆံပင်ကြမ်းတမ်းပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ဆံပင်ပါးသောသူများ

ဆံပင်ပါးတဲ့သူတွေက ဆံကေသာပျက်စီးကျိုးကြေလွယ်တာကြောင့် ၂ လ တစ်ကြိမ်ခန့် ဆံပင်ညှပ်ပေး (သို့) ဆံပင်တိပေးနိုင်ပါတယ်။

ပျက်စီးနေသော ဆံကေသာ

သင့်ဆံပင်က ဆိုးဆေးများ (သို့) ဆံပင်ပုံသွင်းတဲ့ အပူချောင်းများ၊ ဖြောင့်စက်၊ ကောက်စက်များကြောင့် ဆံကေသာပျက်စီးနေပါသလား။ ဒါဆိုရင်တော့ သင့်ဆံပင်ကို ရက်သတ္တပတ် ၈ ပတ်ကြာ တစ်ကြိမ်စီ ဆံပင်ညှပ်ပေးသင့်ပါတယ်။

ပျိုမေလေးတို့လည်း ကိုယ့်ဆံကေသာအမျိုးအစားပေါ် မူတည်ပြီး ဘယ်နှပတ် တစ်ကြိမ် ဆံပင်ညှပ်ပေးရမလဲဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်။

ပျိုမေတို့အားလုံး ကျန်းမာသန်စွမ်းပြီး နူးညံ့တောက်ပြောင်တဲ့ ဆံကေသာများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Source: Brightside.me