နေ့တိုင်း သန့်သန့်ရှင်းရှင်းနေပါလို့ ပြောရုံနဲ့တော့ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လုံလောက်တဲ့ အဖြေမဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့အများစုဟာ ဖြစ်သင့်တဲ့ အတိုင်းအတာထက် ရေပိုချိုး ၊ ခေါင်းပိုလျှော်မိနိုင်ပါတယ်။ ဘယ်လိုအမှားလေးတွေလဲဆိုတာ ကြည့်ရအောင်ပါ။

(၁) ခေါင်းဘယ်နှစ်ကြိမ်လျှော်သင့်သလဲ

Hairdresser washing hair of happy young woman, girl and do relaxing massage at beauty saloon

Photo: Shutterstock

လူ့ဆံပင်ဟာ အသက်အရွယ် ၊ မျိုးရိုးနဲ့ ဆံပင်အမျိုးအစားတွေပေါ်လိုက်ပြီး ကွဲပြားပါတယ်။ ဒါပေမယ့် နေ့တိုင်းတော့ ခေါင်းမလျှော်သင့်တာ အမှန်ပါပဲ။ ဆံပင်အခြေအနေကို လိုက်ပြီး ခေါင်းလျှော်တာဟာ တစ်ပတ်ကို ၃ ကြိမ် ဒါမှမဟုတ် တစ်လတစ်ကြိမ်လည်း ဖြစ်နိုင်ပါတယ်။ ရာသီဥတုနဲ့ ကိုယ်လက်လှုပ်ရှားမှုပေါ်လိုက်ပြီး အတိုးအလျှော့လုပ်ဖို့ပါ။

(၂) ရေဘယ်လောက် ချိုးရမလဲ

woman enjoying the shower She feels relaxed

Photo: Shutterstock

အသက်ကြီးကြီး ပုဂ္ဂိုလ်တွေဟာ တစ်ပတ်ကို ၂ ကြိမ်လောက် ရေချိုးရင် အဆင်ပြေပါတယ်။ အသက် ၆ နှစ်နဲ့ ၁၁ နှစ်အကြား ကလေးငယ်တွေလည်း မကြာမကြာရေချိုးပေးရမှာ ဖြစ်ပေမယ့် ဆယ်ကျော်သက်တွေလိုတော့ နေ့စဉ် ရေချိုးစရာမလိုဘူးလို့ ဆိုပါတယ်။

(၃) သွားဘယ်နှစ်ကြိမ်တိုက်ရမလဲ

Beautiful young woman brushing teeth in front of her bathroom mirror

Photo: Freepik

မနက်အိပ်ရာထတစ်ကြိမ်ပဲ သွားတိုက်တာဟာ သင့်သွားကျန်းမာရေးအတွက် အပြည့်အဝစောင့်ရှောက်တာ မဟုတ်ပါဘူး။ သွားဆရာဝန်တွေကတော့ တစ်နေ့ကို မနက်ပိုင်းတစ်ကြိမ် ၊ ညပိုင်းတစ်ကြိမ် သွားတိုက်ဖို့ အပြင် သွားပွတ်ကြိုးသုံးပြီး သွားအကြိုအကြားထဲက စားကြွင်းစားကျန်တွေကို ရှင်းထုတ် ပလုတ်ကျင်းပေးဖို့ တိုက်တွန်းထားပါတယ်။

(၄) လက်နဲ့ ခြေကို ဘယ်နှစ်ကြိမ် ဆေးကြောရမလဲ

Woman use soap and washing hands under the water tap

Photo: Freepik

လက်ဆေးသင့်တဲ့ အကြိမ်ရေကတော့ အတိအကျမရှိပါဘူး။သင့်ရဲ့ နေမှုထိုင်မှုပေါ်လည်း မူတည်နိုင်ပါတယ်။ သန့်စင်ခန်းဝင်ပြီးချိန် ၊ ချောင်းဆိုးနှာချေပြီးချိန် ၊ တိရစ္ဆာန်တွေကို ထိမိကိုင်မိပြီးချိန် ၊ တံခါးလက်ကိုင်တွေ ကိုင်ပြီးချိန် စသည်ဖြင့် လက်ကိုအခါအားလျော်စွာ မကြာခဏဆေးဖို့တော့ လိုမှာပါ။

ခြေထောက်ဟာ ခန္ဓာကိုယ်ရဲ့ တစ်ခြားအစိတ်အပိုင်းတွေလိုပဲ ဘက်တီးရီးယားတွေနဲ့ ဖုံးအုပ်ထားလို့ နေ့တိုင်းဆေးကြောသန့်ရှင်းပေးဖို့ လိုပါတယ်။ ခြေအိတ်တွေ ဝတ်ပြီး Shoes အစီးများရင် ဖြစ်စေ ချွေးအိုင်ပြီး အနံ့ဆိုးတွေ ထွက်လာနိုင်လို့ အမြဲဆေးကြောသန့်ရှင်းပေးသင့်ပါတယ်။