အားလုံးပဲမင်္ဂလာပါနော်။ ပျိုမေလေးတွေ‌ရေ…ဒီနေ့မှာတော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်သွားတာမျိုးမဖြစ်စေဖို့နဲ့ ပျိုမေလေးတွေရဲ့အသားအရေကောင်းမွန်ကြည်လင်ဖို့အတွက် ပြုလုပ်ပေးလေ့ရှိတဲ့မျက်နှာပေါင်းတင်တာကို နည်းလမ်းမှန်ကန်စွာအသုံးပြုနိုင်စေဖို့အတွက် ပြောပြချင်ပါတယ်နော်။ ဈေးကွက်ထဲမှာ အလှအပနဲ့ပတ်သက်တဲ့ပစ္စည်းတွေ အလွယ်တကူရနေပေမယ့် ကိုယ်နဲ့သင့်တော်တဲ့ကုန်ပစ္စည်းတွေကို သေချာရွေးချယ်တတ်ဖို့လည်း အရေးကြီးပါတယ်။ နောက်ပြီး သင်နဲ့သင့်တော်တဲ့အလှကုန်ကို ရွေးချယ်တတ်ရုံနဲ့လည်းမရသေးပါဘူးနော် မှန်မှန်ကန်ကန်အသုံးပြုပေးမှလည်း သင့်အသားအရေအတွက် ပိုမိုထိရောက်ပြီး ကောာင်းမွန်တဲ့ရလဒ်ကို မြန်မြန်တွေ့ရှိရမှာပဲ့ဖြစ်ပါတယ်နော်။

ဒါကြောင့်အသားအရေအမျိုးအစားလိုက် ကွဲပြားတဲ့အတွက် မျက်နှာပေါင်းတင်တဲ့အခါမှာလည်း ဘယ်လိုအသားအရေမျိုးဆို တစ်ပတ် ဘယ်နှစ်ကြိမ်လောက်လုပ်ပေးသင့်သလဲဆိုတာ ကို မျှဝေပေးလိုက်ပါတယ်။

ခြောက်သွေ့တဲ့အသားအရေ

စာဖတ်သူရဲ့အသားအရေကခြောက်သွေ့တယ်ဆိုရင်တော့ ရေဓာတ်ကြွယ်ဝတဲ့မျက်နှာပေါင်းတင်ခရင်မ်၊ ဗီတာမင် E ပါတဲ့ Mask တို့ကိုရွေးချယ်နိုင်ပါတယ်။ ခြောက်သွေ့အသားအရေပိုင်ရှင်တွေက တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်ခန့် ပေါင်းတင်ပေးလို့ရပါတယ်နော်။

အဆီပြန်တဲ့အသားအရေ

အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေကတော့ ရွှံ့စေးတို့၊ အဆီဓာတ်လျော့ပြီး ရေဓာတ်ကြွယ်ဝတဲ့ မျက်နှာပေါင်တင်ခရင်မ်တို့၊ အဆီဖယ်ရှားပေးတဲ့ မျက်နှာပေါင်းတင်တဲ့ပစ္စည်းတွေကိုရွေးချယ်ပါ။ တစ်ပတ်ကိုတော့ ၂ ကြိမ်လောက်လုပ်ပေးရင် လုံလောက်ပါတယ်။ ဆောင်းတွင်းဆိုရင် ၁ ကြိမ်လောက်ပဲ့ လုပ်ပေးပါ။

ပေါင်းစပ်အသားအရေပိုင်ရှင်

ပေါင်းစပ်အသားအရေပိုင်ရှင်ဆိုတာကတော့ T-Zone လို့ခေါ်တဲ့ နဖူး၊ နှာခေါင်း၊ မေးစေ့၊ တို့မှာပဲ အဆီထွက်ပြီးကျန်တဲ့နေရာမှာတော့ ပုံမှန်အတိုင်းရှိတဲ့အသားအရေမျိုးပါ။ ရွှံ့စေးတို့၊ ပေါင်းတင်တဲ့ Mask တို့၊ ရှားစောင်းလက်ပပ်ဂျယ်တို့လို ဂျယ်ပေါင်းတင်တဲ့ခရင်မ်တို့ကို သုံးနိုင်ပါတယ်။ ရွှံ့စေးနဲ့ပေါင်းတင်တာကိုတော့ တစ်ပတ်ကို ၁ ကြိမ်လုပ်ပေးနိုင်ပြီး မျက်နှာပေါင်းတင်တဲ့ ဂျယ်နဲ့ပေါင်းတင်တာမျိုးကိုတော့ တစ်ပတ် ၂ ကြိမ် ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။

အထိအရှလွယ်တဲ့Sensitiveအသားအရေ

ကိုယ့်အသားအရေက Sensitive ဖြစ်တယ်ဆိုရင်တော့ ကိုယ်နဲ့သင့်တော်တဲ့ ပေါင်းတင်ခရင်မ်၊ Mask တွေကို သေချာရွေးချယ်ဖို့ လိုပါမယ်နော်။ ရှားစောင်းလက်ပပ်နဲ့တည့်ရင်သုံးနိုင်တယ်။ တခြားအသားအရေချောမွတ်စေတဲ့ Maskတွေကိုလည်း သုံးနိုင်ပါတယ်။ တစ်ပတ်ကို ၁ ကြိမ်ပဲ့ပြုလုပ်ပေးပါ။

By: MyStyle Myanmar