ဦးရေပြား အဆီပြန်လွန်းလို့ ခေါင်းမကြာခဏဆိုသလို လျှော်နေရလွန်းလို့ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် ဒီအကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်။ ခေါင်းနေ့တိုင်းလျှော်ရင်လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ တပတ်မှာ အများဆုံး ၂ကြိမ်လောက်ပဲ့ လျှော်ပေးတာက အကောင်းဆုံးပါပဲ့။

ဒါကြောင့် ခေါင်းအဆီပြန်တာကိုလည်း သက်သာစေပြီး ဆံသားအတွက်ပါ ကျန်းမာသန်စွမ်းစေမယ့် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။

dry shampoo သုံးပါ

Dry Shampoo ကို ဆံပင်အမြစ်ကနေ စပြီးသုံးပေးပါ။ ဆံပင်အမြစ်လေးတွေကို ခွဲပြီး ဖြန်းပေးတာမျိုး လုပ်နိုင်ပါတယ်။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ခေါင်းဖြီးချပါ။

အစားအသောက်

ဦးရေပြား အဆီပြန်တာဟာ သင်စားတဲ့အစားအသောက်တွေနဲ့လည်း ဆက်စပ်နေတယ်ဆိုတာ မမေ့ပါနဲ့။ အဆီများတဲ့အစားအစာ၊ ကြော်ထားတဲ့အစားစာ၊ သကြား၊ ဆီသွပ်ဘူးတွေ စားတာကို ရှောင်ပေးပါ။ အသီးအနှံ၊ နို့၊ အခွံမာသီးတွေကို များများစားပေးပါ။

ရေနွေးနဲ့ လုံးဝခေါင်းမလျှော်ပါနဲ့

ရေနွေးနဲ့ လျှော်တာဟာ သင့်ဦးရေပြားကို ပိုပြီးနူးစေပြီး ဆံပင်ကျွတ်လွယ်စေပါတယ်။ ဒါ့အပြင် ဦးရေပြားကို အမြန်ဆုံး အဆီပြန်စေပါတယ်။

ဆံပင်ကို စည်းထား ၊ ကျစ်ထားပါ

ဦးရေပြား အဆီပြန်နေပေမယ့် ခေါင်းမလျှော်ချင်သေးရင် ဆံပင်ကို စည်းထား ၊ ကျစ်ထားပါ။ ခပ်မြင့်မြင့်လေး စည်းပေးထားရင်တော့ ပိုကောင်းပါတယ်။

အိပ်ယာမဝင်ခင် ခေါင်းဖြီးပါ

အိပ်ယာမဝင်ခင် ခေါင်းဖြီးပေးပါ။ ပြီးရင် ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး အိပ်ပါ။

ခေါင်းဘီးကို သေချာဆေးပါ

ခေါင်းဘီးကို အနည်းဆုံး တစ်ပတ် တစ်ကြိမ် ပုံမှန်သန့်စင်ပေးပါ။ ခေါင်းဘီးမှာရှိနေတဲ့ အညစ်အကြေးတွေဟာ သန့်ရှင်းနေတဲ့ သင့်ဆံပင်ကို ညစ်ပေသွားစေနိုင်ပါတယ်။

ဆံပင်ဖြောင့်စက် ကောက်စက်တွေကိုရှောင်ပါ

ဆံပင်ဖြောင့်စက် ၊ ကောက်စက်တွေ ဆံပင်ပုံသွင်းစက်တွေ၊ စပရေးတွေကို ရှောင်ပေးပါ။

ခေါင်းကို သေချာပြောင်အောင်လျှော်ပါ

အဆီပြန်ရတဲ့ အကြောင်းအရင်း နောက်တစ်ခုကတော့ ခေါင်းကို ပြောင်အောင်မလျှော်တာပါပဲ။ ရေသေချာလောင်းပါ။ လက်ချောင်းလေးတွေနဲ့ ဦးရေပြားကို နှိပ်ပေးပါ။ ပေါင်းဆေးကိုလည်း ဆံပင်အဖျားလေးတွေကိုပဲ လိမ်းပေးရပါတယ်။

တခြားအသုံးဝင်တဲ့နည်းလမ်းတွေကတော့

ဆီကြော်နံ့တွေ၊ ဟင်းနံ့တွေ ၊ အညှော်နံ့တွေ စွဲတာကိုလုပ်မယ်ဆိုရင်လည်း ဆံပင်ကို သေချာလေး ဖုံးအုပ်ထားပေးပါ။ ဆံပင်လျှော်တဲ့အခါ ရေအေးအေးနဲ့ လောင်းချပါ။ ဆံပင်ခြောက်စက်ကို သုံးတဲ့အခါ အပူချိန်လျှော့သုံးပါ။ ရေများများသောက်ပေးဖို့ မမေ့နဲ့နော်။