ဒီဆောင်းပါးကို ဖတ်တော့မယ့် စာဖတ်သူတွေအနေနဲ့ ခြောက်သွေ့ ကြမ်းတမ်းတဲ့ ဆံပင်ပိုင်ဆိုင်ထားရင်ဖြစ်ဖြစ် ဆံပင်အရမ်းကျွတ်တတ်တဲ့ ပြဿနာကို ရင်ဆိုင်နေရရင်ဖြစ်ဖြစ် ဆံပင်ဖြူတွေရှိနေရင်ဖြစ်ဖြစ် ပျားရည်ကိုသုံးကြည့်ပါလို့ အကြံပြုချင်ပါတယ်။
ပျားရည်မှာက ဘာဓာတုဆေးဝါးမှမပါသလို ဘေးထွက်ဆိုးကျိုးတစုံတရာလည်းမရှိတာမို့ ဆံသားအတွက်သုံးဖို့အတွက် အင်မတန်သင့်တော်ပါတယ်။ ဆံသားလိုအပ်တဲ့ အာဟာရဓာတ်ကို ပျားရည်ကပေးစွမ်းနိုင်လို့ အပတ်တိုင်းဖြစ်ဖြစ် ပျားရည်ကို ဆံသားမှာ လိမ်းပေးနိုင်ပါတယ်။
ပျားရည်ကို ဘယ်အချိန်တွေမှာ လိမ်းရမလဲ
သင်ကြုံတွေ့နေရတဲ့ ဆံသားဆိုင်ရာပြဿနာပေါ်မူတည်ပြီးတော့ လိမ်းရမယ့်ပျားရည်ပမာဏက ကွာခြားသွားနိုင်ပါတယ်။
ဆံပင်နှစ်ခွ
Source: Shear Genius Salon
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ကြက်ဥအနှစ် တစ်လုံးတို့ကို သေချာနှံ့အောင် ရေစပ်ပြီး ဆံပင်ကို အပိုင်းသေးသေးလေးတွေ ခွဲလိုက်ပါ။ ခွဲထားတဲ့ဆံပင်အပိုင်းတွေအနှံ့ အစောပိုင်းကနယ်ထားတဲ့အနှစ်ကို ညှင်သာစွာပွတ်လိမ်းပေးပြီး မိနစ် ၃၀ နှပ်ထားပါ။ အချိန်ပြည့်ရင် ရေနဲ့အရင်ဆေးချကာ ပုံမှန်အတိုင်းခေါင်းလျှော်လိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။
ခြောက်သွေ့ကြမ်းတမ်းတဲ့ဆံပင်
Source: Beauty Undercover
ပျားရည်ကို နှစ်ဇွန်း သုံးဇွန်းလောက်ရှိတဲ့ပမာဏကို လက်ချောင်းလေးတွေနဲ့ယူကာ ဆံပင်အရင်းတွေမှာ ညှင်ညှင်သာသာ ပွတ်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးနောက် ရေနဲ့အရင်ဆေးချကာ ခေါင်းလျှော်ရည်နဲ့ သေချာပြောင်အောင်လျှော်ပါ။ တစ်ပတ်လျှင် နှစ်ကြိမ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။
ဆံပင်ကျွတ်ခြင်း
Source: Social Vaidya
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို သစ်ကြံပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့အတူရောစပ်ကာ ပျစ်ပျစ်နှစ်နှစ်လေးဖြစ်တဲ့အထိ မွှေပေးပါ။ ဒီအနှစ်ကိုခေါင်းမှာမလိမ်းခင် ဆံပင်အရင်ရေဆေးချကာ ဦးရေပြားကို ခြောက်အောင်သုတ်ပါ။ ခြောက်ပြီဆိုပါက အစောပိုင်းကအနှစ်ကို ဆံပင်အရင်းကနေ အဖျားအထိ နှံ့အောင်လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးနောက် ရေနဲ့ဆေးပြီး ခေါင်းလျှော်ပေးပါ။
တောက်ပတဲ့ ဆံကေသာရရှိဖို့
Source: InStyle
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို သေချာရောမွှေပြီး ခေါင်းလျှော်ရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထပ်ထည့်ကာ နှံ့အောင်ထပ်မွှေပါ။ ရလာတဲ့အနှစ်ကို ဆံပင်မှာသေချာလိမ်းပေးပြီး နာရီဝက်ထားပါ။ အချိန်ပြည့်ပြီဆိုရင် ရေနဲ့ပြောင်နေအောင် ဆေးချလိုက်ပါ။ တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်အထိ လုပ်ပေးမယ်ဆိုပါက နူးညံ့တောက်ပြောင်ပြီး ညှိထွေးမှုမရှိတဲ့ ဆံကေသာကို ရရှိနိုင်မှာဖြစ်ပါတယ်။
ကြမ်းတမ်းတဲ့ဆံပင်
Source: Sense It Eve
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေတစ်ခွက်တို့ကို ပန်းကန်လုံးတစ်ခုထဲမှာ သေချာမွှေပေးပါ။ ခေါင်းလျှော်ပြီးတိုင်း ဒီပျားရည်နဲ့ရေအရောကို ဆံပင်မှာလိမ်းပေးပါ။ ဒီလိုမျိုးလိမ်းပေးခြင်းအားဖြင့် နူးညံ့ချောမွေ့ပြီး ကျန်းမာတဲ့ဆံကေသာတွေကို ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။