Green Tea ဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အရာဖြစ်ပြီး ကိုယ်အလေးချိန် လျှော့ချလိုသူတွေ အတွက်လည်း အသုံးဝင်တဲ့ အရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Green Tea ဟာ ကယ်လိုရီ မပါဘူး။ ဒါပေမယ့် ဝိတ်ကျအောင် ဘယ်လို သောက်ရမလဲ ဆိုတာတော့ သိသူ နည်းပါတယ်။ တစ်နေ့ကို ဘယ်နှခွက် သောက်ရမလဲဆိုတာ သိထားရင် ပိုအသုံးတည့်မယ် ထင်ပါတယ်။

Green Tea တစ်ခွက်ဟာ သကြားဓာတ်ကို ထိန်းပေး

အဆီကျချင်ရင် Green Tea သောက်ပါ။ တစ်နေ့ကို တစ်ခွက်သောက်ပေးရင် ကယ်လိုရီ ၁၅၀ ကုန်စေပါတယ်။ ၆လမှာ ၁ပေါင်နှုန်းနဲ့ ကျစေပါတယ်။ သွေးတွင်း သကြားဓာတ်ကို ညှိပေးတဲ့အတွက် ကျန်းမာရေးအ တွက် ကောင်းသလို ကိုလက်စထရော များတဲ့ လူတွေ အတွက်တော့ ဆေးတစ်ပါး ပါပဲ။

Green Tea နှစ်ခွက်ဟာ စွမ်းအင်ကိုပေး

Green Tea တစ်နေ့ကို နှစ်ခွက်သောက်ခြင်းဟာ လိုအပ်တဲ့ သတ္တုဓာတ်တွေကို ရစေနိုင်ပါတယ်။ မက်ဂနီဆီယမ်၊ ဆယ်လီနီယမ်၊ ခရိုမီယမ်နဲ့ ဇင့်တွေကို ရစေပါတယ်။ အဆီတွေကိုလည်း လောင်ကျွမ်းစေနိုင်ပါတယ်။ Green Tea ဟာ Neurotransmitter ကို ပေးစွမ်းနိုင်ပါတယ်။

Neurotransmitters ဟာ ကိုယ်ခန္ဓာနဲ့ ဦးနှောက်ကို ကောင်းကောင်း အလုပ်လုပ်စေပြီး သင်ယူခြင်း။. မှတ်ဉာဏ်စွမ်းအား၊ လှုပ်ရှားမှု၊ ခံစားချက်တွေနဲ့ အိပ်စက်ခြင်းတွေကို အကောင်းဆုံး လုပ်ဆောင်စေတဲ့ အရာပါ။ Green Tea ၂ခွက်သောက်ပြီး မိနစ် ၃၀အကြာမှာ ကိုယ်ထဲက ဆဲလ်တွေဟာ ပုံမှန် အလုပ်လုပ်ကြပြီး သွေးကြောတွေကို အနားရစေပါတယ်။

Green Tea သုံးခွက်ဟာ အဆီတွေကို လောင်ကျွမ်း

၁၁ ပေါင်လောက် ကျချင်တယ်ဆိုရင် တစ်နေ့ကို ၃ခွက်သောက်ပါ။ တစ်နေ့ကို 106 ကယ်လိုရီ လောင်ကျွမ်းစေနိုင်ပြီး တစ်နေ့ကို 38000 လောင်ကျွမ်းစေနိုင်ပါတယ်။ ဘာလေ့ကျင့်ခန်းမှ  မလုပ်ဘဲ ၁၁ပေါင်ကျပါမယ်။ တကယ်လို့ မြန်မြန် ကျချင်တယ်ဆိုရင်တော့ အစာနည်းနည်းရှာင် Green Tea သောက် လေ့ကျင့်ခန်းပုံမှန် လုပ်ပေးပါ။

စက်ဘီးစီး လေ့ကျင့်ခန်း မိန်စ ၃၀ လုပ်ပေးခြင်းဟာ အဆီကို မြန်မြန် လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ကျချင်တယ်ဆိုရင်တော့ တစ်နေ့ကို ၃ခွက် ပုံမှန်သောက်ပေးပါ။ ၃ခွက်ထက် ပိုလည်း မသောက်သင့်ပါဘူ။

Source: caloriebee