အားလုံးပဲမင်္ဂလာပါနော်။ လူတိုင်း နေ့စဉ် အသားအရေထိန်းသိမ်းမှုကို ပြုလုပ်ပေးဖို့အရေးကြီးပါတယ်။ ဈေးကွက်ထဲမှာ အလှအပနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ အလွယ်တကူရနေပေမယ့် ကိုယ်နဲ့သင့်တော်တဲ့ကုန်ပစ္စည်းတွေကို သေချာရွေးချယ်ပြီး မှန်မှန်ကန်ကန်အသုံးပြုပေးဖို့လိုပါတယ်။

မျက်နှာပေါင်းတင်တဲ့အခါ ဘယ်နှစ်ကြိမ်လောက်လုပ်ပေးသင့်တယ်လို့ထင်ပါသလဲ။ အသားအရေအမျိုးအစားအလိုက်ကွဲပြားတာမို့ အသားအရေအလိုက် မျက်နှာပေါင်းတင်တာကို ဘယ်နှစ်ကြိမ်လောက်လုပ်ပေးသင့်သလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ ခြောက်သွေ့အသားအရေ

စာဖတ်သူရဲ့အသားအရေခြောက်သွေ့တယ်ဆိုရင်တော့ ရေဓာတ်ကြွယ်ဝတဲ့မျက်နှာပေါင်းတင်ခရင်မ်၊ ဗီတာမင် E ပါတဲ့ Mask တို့ကိုရွေးချယ်နိုင်ပါတယ်။ ခြောက်သွေ့အသားအရေပိုင်ရှင်တွေက တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်ခန့်ပေါင်းတင်ပေးနိုင်ပါတယ်။

၂။ အဆီပြန်တဲ့အသားအရေ

အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေကတော့ ရွှံ့စေးတို့၊ အဆီဓာတ်လျော့ပြီး ရေဓာတ်ကြွယ်ဝတဲ့ မျက်နှာပေါင်တင်ခရင်မ်တို့၊ အဆီဖယ်ရှားပေးတဲ့ မျက်နှာပေါင်းတင်တဲ့ပစ္စည်းတွေကိုရွေးချယ်ပါ။ တစ်ပတ်ကိုတော့ ၂ ကြိမ်လောြက်လုပ်ရင် လုံလောက်ပါတယ်။ ဆောင်းတွင်းဆိုရင် ၁ ကြိမ်လောက်ပဲလုပ်ပါ။

၃။ ပေါင်းစပ်အသားအရေပိုင်ရှင်

ပေါင်းစပ်အသားအရေပိုင်ရှင်ဆိုတာကတော့ T-Zone လို့ခေါ်တဲ့ နဖူး၊ နှာခေါင်း၊ မေးစေ့၊ တို့မှာပဲ အဆီထွက်ပြီးကျန်တဲ့နေရာမှာတော့ ပုံမှန်အတိုင်းရှိတဲ့အသားအရေမျိုးပါ။ ရွှံ့စေးတို့၊ ပေါင်တင်တဲံ Mask တို့၊ ရှားစောင်းလက်ပပ်ဂျယ်တို့လို ဂျယ်ပေါင်တင်တဲ့ခရင်မ်တို့ကို သုံးနိုင်ပါတယ်။ ရွှံ့စေးနဲ့ပေါင်းတင်တာကိုတော့ တစ်ပတ်ကို ၁ ကြိမ်လုပ်ပေးနိုင်ပြီး မျက်နှာပေါင်းတင်တဲ့ ဂျယ်နဲ့ပေါင်းတင်တာမျိုးကိုတော့ တစ်ပတ် ၂ ကြိမ် ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။

၄။ အထိမခံတဲ့အသားအရေ

ကိုယ့်အသားအရေက Sensitive ဖြစ်တယ်ဆိုရင်တော့ ကိုယ်နဲ့သင့်တော်တဲ့ ပေါင်းတင်ခရင်မ်၊ Mask တွေကို ရှာသင့်ပါတယ်။ ရှားစောင်းလက်ပပ်နဲ့တည့်ရင်သုံးနိုင်တယ်။ တခြား အသားအရေချောမွတ်စေတဲ့ Maskတွေကိုလည်း သုံးနိုင်ပါတယ်။ တစ်ပတ်ကို ၁ ကြိမ်လောက်သုံးပေးပါ။

By: MyStyle Myanmar