တစ်ခါတလေ သင်ဟာ အရာဝတ္ထုတစ်ခုခု၊ အခြေအနေ တစ်ခုခုကို ကြောက်တဲ့အချိန် သင်တစ်ယောက်တည်း ဖြစ်နေတာလား၊ ဒါမှမဟုတ် ဒါက Phobia အနေနဲ့ ရှိတာလား သင်သိချင်မှာပါ။ အခုဖော်ပြတဲ့ ကြောက်တတ်တဲ့ အရာတွေကို သင်ဖတ်ကြည့်မယ်ဆိုရင် သင်မကြားဖူးတာတွေကော၊ သင်ကြောက်တဲ့အရာတွေပါ ပါနေပါလိမ့်မယ်။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ ပင့်ကူတွေကို ကြောက်တာ

Arachnophobia လို့ ခေါ်ပါတယ်။ ဒီ Phobia အမျိုးအစားကို လူအများစုမှာ အတွေ့များပါတယ်။ ပင့်ကူ အကောင်မျိုးစုံကို ကြောက်တတ်တဲ့ စိတ်ပါ။

၂။ မြွေကြောက်တာ

Ophidiophobia လို့ ခေါ်ပါတယ်။ ဒီ Ophidiophobia ရှိသူတွေက အနီးအနားမှာ မြွေရှိတယ်တို့၊ မြွေအသံကြားတာနဲ့ ဝေးဝေးက ရှောင်သူတွေ ဖြစ်ပါတယ်။

၃။ အမြင့်ကြောက်တာ

Acrophobia ကတော့ အမြင့်ကြောက်တဲ့ ရောဂါပါ။ မြေပြင်နဲ့ မနီးသရွေ့ ဒီလူတွေဟာ အမြင့်ရောက်တာနဲ့ ကြောက်တတ်ကြပါတယ်။

၄။ လူအုံတာကိုကြောက်တာ

Agoraphobia ဆိုတာကတော့ လူအများကြီးရှိတဲ့ နေရာတွေရောက်ရင် ပိတ်မိသလိုလို၊ အသက်ရှူကျပ်သလိုလို ဖြစ်တတ်ခြင်းပါ။ အဆုံးမရှုံးတဲ့ နေရာကို ကြည့်ရင်းလည်း သူတို့က ကြောက်လာတတ်ပါတယ်။

၅။ နေရာကျဉ်းတာတွေ ကြောက်တာ

ဒီအမျိုးအစားကိုတော့ Claustrophobia လို့ခေါ်ပါတယ်။ သူတို့က ဓာတ်လှေကား၊ နေရာကျဉ်းတာတွေထဲ ဝင်ရမှာ ကြောက်တာပါ။

၆။ ခွေး

Cynophobia ကတော့ ခွေးကြောက်တဲ့ ရောဂါပါ။

၇။ သေဆုံးခြင်း

ဒီလူတွေကတော့ သေတာနဲ့ ပတ်သတ်ပြီး ပြောရမှာ၊ တွေးရမှာတွေကို ကြောက်ကြပါတယ်။ ဒါကိုတော့ Thanatophobia လို့ခေါ်ပါတယ်။

၈။ လူအများရှေ့ပြောရတာ

Public Speaking လုပ်ရမှာ ကြောက်သူတွေပါ။ Glossophobia လို့ခေါ်ပါတယ်။

၉။ ပျံတာ

Aerophobia လို့ခေါ်ပြီး လေယာဉ်စီးရမှာကို ကြောက်သူတွေ ဖြစ်ပါတယ်။

၁၀။ သွေး

Hemophobia လို့ခေါ်ပြီး ဒါရှိတဲ့သူတွေက သွေးမြင်တာနဲ့ မေ့လဲကြပါတယ်။

၁၁။ လူများတာကို ကြောက်တာ

Enochlophobia လူအများကြီး ရှိတဲ့နေရာကို ကြောက်တဲ့သူတွေပါ။

၁၂။ ငှက်

Ornithophobia လို့ခေါ်ပြီး ငှက်ကြောက်တဲ့ ရောဂါပါ။

၁၃။ Gamophobia

ဒါကတော့ တစ်စုံတစ်ယောက်နဲ့ ရေရှည်တွဲရင်း တကယ် အတည်ကြီးဖြစ်တော့မယ်ဆိုတာ သိလိုက်တာနဲ့ ဒါကို ကြောက်ရွံ့တတ်တာပါ။

၁၄။ Aphenphosmphobia

ဒါကတော့ နီးကပ်မှု၊ ရင်းနှီးကျွမ်းဝင်မှုကို ကြောက်ရွံ့ခြင်းပါ။ တခြားသူတွေက ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာအရ၊ စိတ်ပိုင်းဆိုင်ရာအရပါ အရမ်းနီးစပ်လာရင် ဒါကို ကြောက်တာပါ။

၁၅။ Autophobia

ဒီ Phobia ရှိတဲ့သူတွေက တခြားသူက ကိုယ့်ကို ထားခဲ့မှာ ကြောက်တဲ့ Phobia ပါ။

၁၆။ Monophobia

ဒါကတော့ တစ်ယောက်တည်း နေရမှာ ကြောက်တဲ့ Phobia ပါ။

၁၇။ Philophobia

ချစ်ရမှာ၊ အချစ်ခံရမှာ ကြောက်တဲ့ Phobia ဖြစ်ပါတယ်။

၁၈။ Phobophobia

Phobophobia ရှိသူတွေက ကြောက်စရာကောင်းတဲ့ တစ်စုံတစ်ရာ တွေ့လာရင် ကြောက်စိတ်ပေါ်လာခြင်းကို ကြောက်တတ်ကြတာပါ။

၁၉။ Atychiphobia

Atychiphobia ကတော့ ရှုံးနိမ့်ရမှာကို ကြောက်ရွံ့ခြင်း ဖြစ်ပါတယ်။

၂၀။ Trypophobia

ဒီ Trypophobia က အပေါက်သေးသေးလေးတွေကို ကြောက်တာပါ။

၂၁။ Trypanophobia

အပ်ကို ကြောက်တဲ့ ရောဂါဖြစ်ပြီး မြင်ရုံနဲ့ မေ့လဲတတ်ပါတယ်။

၂၂။ Metathesiophobia

Metathesiophobia တွေကတော့ ပြောင်းလဲမှုကို ကြောက်တတ်သူတွေ၊ မရင်းနှီးတဲ့ အရာတွေနဲ့ မကြုံချင်သူတွေ ဖြစ်ပါတယ်။

၂၃။ Entomophobia

Entomophobia ကတော့ ပိုးကောင် အင်းဆက်လေးတွေကို ကြောက်တဲ့ Phobia ဖြစ်ပါတယ်။

၂၄။ Nyctophobia

အမှောင်ကြောက်တဲ့သူတွေက Nyctophobia ရှိသူတွေပါ။

၂၅။ Gerascophobia

အသက်ကြီးရမှာ၊ အသက်အရွယ်ရလာတာကို ကြောက်ရွံ့တတ်သူတွေက Gerascophobia ဖြစ်ပါတယ်။

၂၆။ Nosocomephobia

ဆေးရုံကို သွားရမှာ၊ ဆေးရုံအနီးအနားမှာ ရှိတာကို ကြောက်တတ်သူတွေကတော့ Nosocomephobia တွေ ဖြစ်ပါတယ်။

၂၇။ Chronophobia

Chronophobia တွေကတော့ အနာဂတ်ကို ကြောက်ပြီး၊ ဖြစ်လာမယ့်အရာတွေအတွက် ကြောက်ရွံ့နေသူတွေပါ။

၂၈။ Xenophobia

မသိရတာတွေ၊ မသေချာတာတွေကို ကြောက်ရွံ့တတ်သူကိုတော့ Xenophobia လို့ခေါ်ပါတယ်။

၂၉။ သမုဒ္ဒရာ

သမုဒ္ဒရာကို ကြောက်ရွံ့တတ်သူတွေကိုတော့ Thalassophobia လို့ခေါ်ပါတယ်။

၃၀။ Vehophobia

ကားမောင်းရမှာကို ကြောက်ရွံ့သူတွေကတော့ Vehophobia ဖြစ်သူတွေ ဖြစ်ပါတယ်။

သင်က ဘယ် Phobia တွေရှိလဲ။ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar