ဒီမေးခွန်းဟာ လူတိုင်းအတွက် အဖြေအမျိုးမျိုး ရှိနိုင်ပါတယ်။ ကြွက်သားပေါင်းစည်းမှု Muscle Synthesis ဟာ ၄၈ နာရီဝန်းကျင် ကြာတတ်ပါတယ်။ ဒါကြောင့် အစာအိမ်အူဟောင်းလောင်းနဲ့ ကြွက်သားတွေ လောင်ကျွမ်းတာမျိုးတော့ မဖြစ်သင့်ပါဘူး။

အစာစားပြီး ဘယ်အချိန်မှာ အားကစားလုပ်သင့်သလဲဆိုတာကို တိကျတဲ့ အဖြေပေးဖို့ ခက်နိုင်ပါတယ်။ အပြေးလေ့ကျင့်တာ ၊ High-Intensity Interval Training လုပ်ထားတယ်ဆိုရင် စားပြီး အချိန်နည်းနည်းပိုကြာမှ လုပ်သင့်ပါတယ်။ ပေါ့ပေါ့ပါးပါး လမ်းလျှောက်တာ ဝိတ်မတာမျိုးလောက်ဆိုရင်တော့ ၁ နာရီလောက် ၁ နာရီခွဲလောက် ကြိုပြီး အစာစားလို့ ရပါတယ်။

Photo: Men’s Health

တစ်ချို့သူတွေရဲ့ အစာကြေမှုပုံစံအရ ၁ နာရီကနေ ၃ နာရီကြာ ကြိုပြီး စားသင့်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ် ၊ ပရိုတိန်းနဲ့ အဆီနည်းတဲ့ အစားအစာတွေဆိုရင် Workout မလုပ်ခင် ၃-၄ နာရီ ကြိုပြီး အစာစားဖို့ လိုပါတယ်။ ကာဗွန်ဟိုက်ဒရိတ်စားမှ Gym Workout ကစားချိန်မှာ လိုတဲ့ ဂလိုင်ကိုဂျင်ဟော်မုန်းတွေ လုံလောက်မှာပါ။ ဒီတော့ Gym မသွားခင်မှာ ပဲတောင့်ရှည် ၊ ပဲနီလေး ၊ အမျှင်နဲ့ အာဟာရဓါတ် ကြွယ်ဝတဲ့ Whole Grains နဲ့ လာပါတယ်။

အဆီများတဲ့ အစာအစာတွေ ကြိုစားတာဟာ အစာချေဖျက်မှုနှုန်းကို နှေးကွေးစေပါတယ်။ အားကစားလုပ်ချိန်မှာ ကြွက်သားဆဲလ်တွေ ပြိုကွဲပြီး ပြန်တည််ဆောက်တာပါ။ မှန်ကန်တဲ့ ပရိုတိန်းစားပေးတာဟာ သင့်ကိုယ်ခန္ဓာအတွင်းက ကြွက်သားတွေ ပြန်လည်တည်ဆောက်ပေးတဲ့ အမိုင်နိုအက်ဆစ်ဓါတ် ပံ့ပိုးပေးပါတယ်။ ကြွက်သားကြီးအောင် တည်ဆောက်နေသူဟာ ကြက်သားနဲ့ အမဲသားတွေလိုမျိုး ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့ လိုပါတယ်။

Photo : Glofox

မနက်စာစားပြီး တစ်နာရီအတွင်း အားကစားလုပ်ချင်တယ်ဆိုရင် Sports Drink တစ်ခုခု သောက်ပြီးမှ အားကစားလုပ်ပါ။ ဗိုက်ထဲအစာ မရှိဘဲ အားကစားလုပ်တာဟာ ကိုယ်တွင်းစွမ်းအင် အမြန်လည်း ကုန်ခမ်းနိုင်ပါတယ်။ ဒါကြောင့်ပဲ အားကစားလုပ်တော့မယ်ဆိုရင် အနည်းဆုံး ၁ နာရီ ၊ မိနစ် ၉၀ လောက် ကြိုပြီး အစာစားတာ အကောင်းဆုံးပါပဲ။