ကိုးရီးယား ဇာတ်လမ်းထဲက မင်းသမီးတွေကို ကြည့်လိုက်ရင် အသားအရေက ချောမွေ့ပြီး Glow ဖြစ်နေတာကို တွေ့ရမှာပါ။ မိတ်ကပ် လိမ်းထားရင်တောင် သူတို့ရဲ့ မျက်နှာက လိမ်းထားတယ် မထင်ရဘဲ သဘာဝကျကျ လှနေတတ်ကြပါတယ်။ အနောက်တိုင်းက မိန်းကလေးတွေကတော့ Tanned Skin ကို သဘောကျကြပြီး အာရှသူ အများစုကတော့ အသားဖြူဖြူလေးတွေကို လိုချင်ကြပါတယ်။

မိတ်ကပ်လိမ်းရင် သဘာဝကျကျ လှဖို့က နဂို Skin ကောင်းနေမှ အဆင်ပြေမှာပါ။ ကိုးရီးယား သူလေးတွေကတော့ အသားအရေ ဖြူပြီး ချောမွေ့နေဖို့ အောက်ဖော်ပြပါ အချက်တွေကို လုပ်လေ့ရှိပါတယ်။

၁။ UV Ray မထိအောင် အထူးဂရုစိုက်ကြတယ်

ကျွန်မတို့ အားလုံး သိတဲ့အတိုင်း UV Rays တွေက အသားအရေကို ထိခိုက်စေပါတယ်။ ကိုးရီးယားတွေကတော့ Sunscreen ကို နေ့တိုင်း သုံးကြပါတယ်။ သူတို့ရဲ့ နေ့ဘက် Skincare ကို Sunscreen လုံလုံလောက်လောက် သုံးပြီး အဆုံးသတ်လေ့ရှိပါတယ်။ သင်က ကိုးရီးယား Beauty Product တွေကို သုံးဖူးရင် သူတို့ရဲ့ Product အများစုမှာ Spf ပါနေတာကို သတိထားမိမှာပါ။

၂။ Whitening Product တွေကို သုံးတယ်

ကိုးရီးယားမလေးတွေက Glow Skin ပိုင်ဆိုင်တယ်လို့ အသိအမှတ်ပြုခံရလေ့ရှိပါတယ်။ သူတို့က သူတို့ ပိုက်ဆံကို Skincare ပေါ်မှာ သုံးလေ့ရှိပါတယ်။ လိုအပ်ရင် Dermatologist ဆီကိုပါ သွားပါတယ်။ ကိုးရီးယား အမျိုးသမီးတွေက Whitening Cream, Whitening Mask စသဖြင့် Whitening Product အနည်းဆုံး တစ်မျိုးတော့ သုံးပါတယ်။

၃။ တစ်ဆင့်ပိုဖြူတဲ့ Foundation ကိုရွေးတယ်

ကိုးရီးယားမတွေက အသားဖြူဖြူ Glow Skin ကို မရရင် ဘာလုပ်လေ့ရှိလဲဆိုတော့ ကိုယ့်အသားထက် ပိုဖြူတဲ့ Foundation ကို ရွေးလိုက်တာပါ။ ဥပမာ- AOA အဖွဲ့ဝင် Seolhyun ကို ကြည့်ရင် သိနိုင်မှာပါ။ သူမက တခြားအဖွဲ့ဝင်တွေထက် အသားညိုပေမယ့် ဖောင်ဒေးရှင်း လိမ်းလိုက်ရင် အကုန်လုံးနဲ့ အတူတူ ဖြစ်သွားတာကို နမူနာ ကြည့်နိုင်ပါတယ်။

၄။ Effect သုံးတယ်

Photo Filters တွေက ကိုးရီးယားမှာ အရမ်းခေတ်စားပါတယ်။ Kpop Idol တွေဆိုရင် သူတို့ပုံစံကို ပိုငယ်ပြီး ချစ်ဖို့ကောင်းသွားအောင် Pink Filters ကို အသုံးများပါတယ်။ ဓာတ်ပုံ Edit တဲ့ App တွေ အပြင် သူတို့က Brightness ကိုလည်း Adjust လုပ်တတ်ကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့ မြင်ရသမျှကို အမှန်မထင်ဘဲ ကိုယ်တိုင် လှနေဖို့ ကိုးရီးယား သူတွေလို Filter အကူအညီကို ယူနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar