အမေရိကန် Television Personality တစ်ဦးဖြစ်တဲ့ Khloe Kardashian ဟာ ကိုယ်အလေးချိန် ပေါင် ၄၀ လောက်လျှော့ချခဲ့ပါတယ်။ သူဘယ်လို မျိုးကိုယ်အလေးချိန်လျှော့ခဲ့သလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။

အရင်ဆုံး မိမိကိုယ်ကို စိတ်ဓာတ်တက်ကြွအောင်လုပ်ပါ

ဝိတ်ချတာဟာ မလွယ်ပါဘူး။ ဒါ့ကြောင့် စိတ်အားထက်သန်မှု တကယ်ဖြစ်ချင်စိတ် ရှိဖို့လိုပါတယ်။ ပင်ပန်းလာတဲ့အခါ ၊ နာကျင်လာတဲ့အခါမှာလည်း ဇွဲမလျှောသွားဖို့လိုပါတယ်။ Khloe Kardashian ကတော့ စိတ်ဖိစီးမှုကို ကုစားတဲ့အနေနဲ့ သူ့ကိုသူ Fit ဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူမရဲ့ ဘဝနေထိုင်မှုပုံစံကိုလည်း ပြောင်းလဲခဲ့ပါတယ်။

အစားအစာ

သူမစားတဲ့အစားအစာတွေက

မနက်စာ – ကြက်ဥပြုတ်/ ကြက်ဥကြော်+ ကွေကာအုတ်အကြမ်းပြုတ်+ ဘလူးဘယ်ရီ (သို့) စတော်ဘယ်ရီသီးများ

နေ့လည်စာ – အရွက်စိမ်းသုတ် နဲ့ ငါးအနည်းငယ်

သရေစာ – အသီးအနှံများ

ညစာ – အရေခွံမပါတဲ့ ကြက်ရင်အုံသား + အသီးအရွက် + ကန်ဇွန်းဥ + ထမင်းအနည်းငယ်

ကိုယ်အလေးချိန်လျှော့ရာမှာ ကိုယ်လက်လေ့ကျင့်ခန်းတစ်ခုတည်းနဲ့မရပါဘူး။ မိမိစားတဲ့ တစ်နေ့တာလုံး အတွက် အစားအစာကလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် အာဟာရဓာတ် သင့်တင့်မျှတအောင် စားပေးဖို့ လိုပါတယ်။

တခြားနည်းလမ်းကောင်းများ

ရေများများသောက်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာစားခြင်း၊ အသင့်စားအစားအစာများ နဲ့ အချိုရည်များ ရှောင်ခြင်း ၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာကိုကိုယ်တိုင် လုပ်စားခြင်တွေပဲဖြစ်ပါတယ်။

တစ်ပတ်တာလေ့ကျင့်ခန်းများ

ပထမ ရက် – Cardio

ဒုတိယ ရက် – ခြေထောက်နဲ့ တင်ပါးဆော့ခြင်း

တတိယ ရက် – ခါးလည်ပိုင်း ကစားခြင်း

စတုတ္ထ ရက် – Cardio

ပဉ္စမ ရက် – လက်မောင်းကစားခြင်း

ဆဌမ ရက် – ခန္ဓာကိုယ်တစ်ခုလုံးကစားခြင်း (ကြိုးခုန်ခြင်း၊ ပြေးခြင်း စသည့်)

သတ္တမ ရက် – ယောဂ ကစားခြင်း နဲ့ အကြောလျှော့ခြင်း