ဆံပင်ညှပ်ဆိုင်သွားပြီး ပုံသွားသွင်းတဲ့တစ်ရက်ပဲ ဆံပင်ပုံက စတိုင်လ်ကျလှပနေတတ်ပြီး ကျန်ရက်တွေမှာတော့ ဆံပင်က ပုံမလာဖြစ်နေလို့ စိတ်ညစ်နေပါသလား။ ဆံကေသာကို ၂၄ နာရီလုံးလုံး ပုံကျလှပစေချင်တယ်ဆိုရင်တော့ Hairspray အကူအညီရယူသင့်ပါတယ်။

Hairspray ဟာ ဆံပင်ပုံကျနေတာကို ကြိုက်တဲ့သူတိုင်း ဆောင်ထားသင့်တဲ့ ဆံကေသာ အသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

စတိုင်လ်ကျလှပတဲ့ ဆံပင်စတိုင်လ်မျိုး ဖန်တီးဖို့ရန်အတွက် Hairspray ရဲ့ အရေးပါပုံများကို လေ့လာကြည့်ရအောင်ပါ။

အချိန်တိုအတွင်း ဆံပင်ကို စတိုင်လ်ကျအောင် ပြုလုပ်နိုင်ခြင်း

ဆံပင်စတိုင်လ်ကို ဘယ်လို စတိုင်လ်မျိုး ပြုလုပ်ချင်ပါသလဲ။ ကိုယ်လုပ်ချင်တဲ့ ဆံပင်စတိုင်လ်အတိုင်း ဆံပင်စပရေးက ကူညီပေးမှာဖြစ်ပါတယ်။ စပရေးရဲ့ အားသာချက်ကတော့ ဆံပင်စတိုင်လ်တစ်ခုသည် ကိုယ့်မျက်နှာကျနဲ့ မလိုက်ဖက်ဘူးဆိုရင် နောက်စတိုင်လ်တစ်မျိုး ထပ်ပြောင်းလဲကာ လုပ်ဆောင်နိုင်ခြင်းပါပဲ။

တစ်နေ့တာလုံး ဆံပင်ကို လှပကျော့ရှင်းနေစေခြင်း

မိုးရွာနေသည်ဖြစ်စေ၊ နေသာနေသည်ဖြစ်စေ Hairspray သည် တစ်နေ့တာလုံး တာရှည်ခံအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ တစ်ခုသတိထားရမှာကတော့ ကိုယ့်ဆံကေသာအမျိုးအစားနဲ့ လိုက်ဖက်တဲ့ Hairspray ကို ဝယ်ယူအသုံးပြုဖို့ပဲဖြစ်ပါတယ်။

ဘယ်အချိန်မဆို စတိုင်လ်ကျလှပနေစေခြင်း

မင်္ဂလာပွဲတက်အခမ်းအနားပဲသွားသွား၊ အလုပ် Presentations အတွက်ပဲဖြစ်ဖြစ်၊ ညဘက် ဒိတ်လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် ဆံပင်စတိုင်လ်သည် လှပကျော့ရှင်းပြီး ပုံကျနေဖို့လိုအပ်ပါတယ်။ Hairspray နဲ့ ဆံပင်ပုံသွင်းတဲ့အခါ ဆံကေသာသည် ဘယ်အချိန်မဆို စတိုင်လ်ကျလှပနေမှာပဲဖြစ်ပါတယ်။

ဆံပင်အုံထူသယောင် ကူညီပေးခြင်း

ဆံပင်ပါးတဲ့သူတဲ့အတွက် Hairspray နဲ့ ဆံပင်ပုံသွင်းခြင်းသည် ဆံပင်အုံကို ရှိပြီးသားအထူထက် ပိုထူလာအောင် ကူညီပေးတာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ဆံကေသာကို အုံပိုထူသယောင် ဖန်တီးချင်တယ်ဆိုရင်တော့ Hairspray အသုံးပြုပေးလိုက်ပါ။

ဆံကေသာ ကျန်းမာလှပစေခြင်း

အသုံးပြုတဲ့ Hairspray ထုတ်ကုန်အမျိုးအစားပေါ် မူတည်ပြီး ဆံကေသာကျန်းမာလှပမှုသည်လည်း ပြောင်းလဲသွားတတ်ပါတယ်။ သဘာဝ Hairspray များအားလုံးသည် ဆံကေသာနူးညံ့ပျော့ပျောင်းအောင် ကူညီနိုင်ပြီး ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။