မိန်းကလေးတစ်ယောက်က ရည်းစားရှိနေပြီလား ဒါမှမဟုတ် Single လားဆိုတာကို ဘယ်လိုသိနိုင်မလဲ။ မခက်ပါဘူးနော်။ MyStyle Myanmar ကနေပြီးတော့ မိန်းကလေးတယောက် Single ဖြစ်ကြောင်း သိနိုင်တဲ့အချက်တွေကို ပြောပြပေးသွားမှာပါ။

ဖုန်းတချိန်လုံး သုံးမနေဘူး

မိန်းကလေးတွေ ဖုန်းအသုံးပြုရတဲ့ အဓိကရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ သူတို့ရဲ့သူငယ်ချင်းတွေ ဒါမှမဟုတ် ရည်းစားကောင်လေးတွေနဲ့ အဆက်အသွယ်လုပ်ဖို့ပါပဲ။ တကယ်လို့ သူသာ သင်နဲ့အတူရှိနေတဲ့ချိန် ဖုန်းကိုမကြာခဏ ကြည့်မနေဘူးဆိုရင် ဒါက မိန်းကလေးတယောက် Single ဖြစ်နိုင်ချေများတဲ့ အချက်တချက်ပါပဲ။

Relationships အကြောင်း စကားစမြည်ပြောကြည့်ပါ

သူနဲ့ နှယောက်ထဲရှိနေတဲ့အချိန် ဒါမှမဟုတ် အခြားသူငယ်ချင်းတွေနဲ့ အတူရှိနေတဲ့အချိန်မှာ Relationships အကြောင်း စကားစမြည်ပြောကြည့်ပါ။ တခြားသူတွေကို သူတို့ရဲ့ ပါတနာအကြောင်း ပြောဖို့တွန်းအားပေးပါ။ ဒီအကြောင်းတွေကို သင်က အရင်စပြောဖို့ လိုပါတယ်။ နောက်ဆုံး သူ့အလှည့် ရောက်လာတဲ့အခါမှာ သူပြောတာကို သေသေချာချာ နားထောင်လိုက်ပါ။ ဒီနည်းနဲ့လည်း သိနိုင်ပါတယ်။

သူမရဲ့ Social Media အကောင့်တွေကို လိုက်ကြည့်ပါ

ဒါကနေ့ ဒီနေ့ခေတ်မှာ မိန်းကလေးတယောက် Single ဟုတ်မဟုတ် အလွယ်ကူဆုံးနည်းပါပဲ။ Facebook  Instagram ဒါမှမဟုတ် Twitter တွေပေါ်မှာ သူမရဲ့ Relationship status ကို ဝင်ကြည့်လိုက်ပါ။ ဒါပေမဲ့ တချို့မိန်းကလေးတွေက Relationship Status ကို မတင်ထားတတ်ကြပါဘူး။

ဒီလိုဆိုရင်တော့ သူမရဲ့ ပုံတွေကိုလိုက်ကြည့်ရပါမယ်။ ယောကျ်ားလေးတယောက်နဲ့ ရိုက်ထားတဲ့ပုံတွေ ခဏခဏတင်လေ့ရှိသလား။ သူမရဲ့သူငယ်ချင်းတွေက ပုံတွေအောက်မှာ ဘယ်လို comment တွေရေးကြသလဲ။ ဒီလို Social media ကနေပြီးတော့လည်း သိနိုင်ပါတယ်။

မိန်းကလေးသူငယ်ချင်းတွေနဲ့ မကြာခဏအပြင်သွားတာ

တကယ်လို့ မိန်းကလေးတယောက်က ရည်းစားရှိမယ်ဆိုရင် သူ့မရဲ့သူငယ်ချင်းတွေကို အချိန်ပေးလေ့ သိပ်မရှိပါဘူး။ ဒါကတော့ မိန်းကလေးတိုင်းကို ဆိုလိုတာတော့မဟုတ်ပါဘူးနော်။ ဘယ်လိုပဲဖြစ်ဖြစ် သူမသာ မိန်းကလေးသူငယ်ချင်းတွေနဲ့ မကြာခဏအပြင်သွားလေ့ရှိတယ်ဆိုရင် Single တယောက်အနေနဲ့ ယူဆလို့ရပါတယ်။

ဒါပေမဲ့ တခုသိထားရမှာက သူမရဲ့ရည်းစားက အလုပ်အတွက်နဲ့ မြို့ထဲကနေ ခဏထွက်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ရည်းစားကိုအချိန်ပေးသလို သူငယ်ချင်းတွေကို အချိန်ပေးနိုင်တာလည်းဖြစ်နိုင်ပါတယ်။