သင့်ရဲ့ဆံကေသာက စိုစွတ်နူးညံ့မှုမရှိဘဲနဲ့ ကြမ်းတမ်းပျက်စီးပြီး ခြောက်သွေ့နေပါသလား။ ဘယ်လိုခေါင်းလျှော်ရည်ပဲပြောင်းသုံးသုံး ဘယ်လိုမျိုးပဲ ထိန်းသိမ်းထိန်းသိမ်း ဆံသားတွေက အစိုဓာတ်ကိုမရရှိနိုင်ဘူးဆိုတာလောက် ခေါင်းခြောက်ရတာမရှိပါဘူး။

ဆံသားဘာလို့ခြောက်ရသလဲ

Source: Hair Extensions By Cliphair

  • အာဟာရဓာတ်ချို့တဲ့ခြင်း
  • နေရောင်ခြည်နဲ့ထိတွေ့မှုများခြင်း
  • ကလိုရင်းနဲ့ပိုးသတ်ထားတဲ့ရေတွေနဲ့ ထိတွေ့ခြင်း
  • အတိုင်းထက်အလွန်ခေါင်းလျှော်ခြင်း
  • ဆံကေသာအလှအပဆိုင်ရာ အလှပြင်ပစ္စည်းများအသုံးပြုခြင်း
  • ဆံသားအတွက် ပြင်းထန်တဲ့ခေါင်းလျှော်ရည်၊ ပေါင်းတင်ဆေး၊ ပျော့ဆေးများအသုံးပြုခြင်း

ခြောက်သွေ့တဲ့ဆံသားအတွက် နည်းလမ်းကောင်းများ

၁။ ဆီအပူအသုံးပြုခြင်း

Source: ohsimply.com

ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာတွေအတွက် သံလွင်ဆီက အင်မတန်ကို လူကြိုက်များကျော်ကြားတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

သံလွင်ဆီကို ခွက်တစ်ဝက်ဖြည့်ပြီးတော့ နွေးနွေးလေးဖြစ်အောင် အပူပေးပါ။ ပြီးရင်ထိုဆီကိုယူပြီးတော့ မိနစ်အနည်းငယ်လောက် ညှင်ညှင်သာသာ နှိပ်နယ်ပြီးလူးပေးပါ။ အပူပေးထားတဲ့တဘက်လေးနဲ့ ခေါင်းကိုပေါင်းထားပေးပါ။ နာရီဝက်လောက်ထားပြီးပြီဆိုရင် ခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်လိုက်ပါ။

၂။ ကိုယ့်ဆံသားနဲ့ ကိုက်ညီမှုရှိတဲ့ ဆံကေသာပစ္စည်းများကို အသုံးပြုခြင်း

Source: Canvas Fashions

၃။ Conditioner အဖြစ် ဘီယာကိုအသုံးပြုခြင်း

Source: Foreo

ဘီယာမှာ ဆံသား ပန်းကုံးလေးတွေကို ပြန်လည်ပြုပြင်ပေးတဲ့ ပရိုတင်းပါဝင်တာကြောင့် ဆံကေသာကို ချောမွေ့တောက်ပြောင်စေပါတယ်။ ပုံမှန်လုပ်နေကြပုံစံမျိုးအတိုင်း ခေါင်းလျှော်လိုက်ပြီး ဘီယာနည်းနည်းလောင်းချပြီး သဘာဝအတိုင်း အခြောက်ခံပေးခြင်းက Conditioner တစ်ခုအဖြစ် ကောင်းကောင်းအသုံးချနိုင်ပါတယ်။

၄။ အုန်းဆီပေါင်းတင်ခြင်း

Source: coconut vietnam

Coconut oil ကို ဆံသားပေါ်လိမ်းပေးသည့်အခါ ဆံသားကိုနူးညံ့အိစက်စေကာ အစိုဓာတ်ကိုဖြည့်တင်းပေးပါတယ်။ ပျဥ်းတော်သိမ်းရွက်တစ်ချို့ကို အုန်းဆီအနည်းငယ်နဲ့ ၂ မိနစ် ၃ မိနစ်လောက်ပြုတ်ပြီး ရက်အနည်းငယ်လောက် အအေးခံထားပါ။

အေးသွားပြီဆိုရင် ဆံသားနဲ့ဦးရေပြားကို လက်ထိပ်လေးတွေနဲ့ ညှင်ညှင်သာသာပွတ်လိမ်းပေးပြီး တဘက်နွေးနွေးလေးနဲ့ဖုံးထားပေးပါ။ မိနစ်အနည်းငယ်လောက် ထားပြီးပြီဆိုတာနဲ့ ခေါင်းလျှော်လိုက်ပါ။

၅။ Banana mask

Source: Health Octo

ငှက်ပျောသီးတွေက ပိုတက်စီယမ်ကြွယ်ဝပြီး အစိုဓာတ်မြင့်မားစွာပါဝင်တာကြောင့် ခြောက်သွေ့တဲ့ဆံသားကိုကုသရာမှာ အင်မတန်အသုံးဝင်ပါတယ်။ တခြားအကျိုးကျေးဇူးတွေလည်း မြောက်မြားစွာပါဝင်တဲ့အတွက်ကြောင့် ဆံသားနှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေးခြင်း၊ ဆံသားနူးညံ့စေခြင်း၊ သန်မာစေခြင်းတို့ကိုလည်း ဖြစ်ပေါ်စေပါတယ်။

ငှက်ပျောသီးတစ်လုံးကို ဖိခြေပြီးတော့ ဆံသားအရင်းကနေ အဖျားအထိ သေချာနှံ့အောင်သုတ်လိမ်းပေးပါ။ ၁ နာရီထားပြီးတော့ ရေနွေးနွေးလေးနဲ့သန့်စင်ပေးပါ။

Featured Image Source: Women Daily Magazine