လူတစ်ယောက်နဲ့တစ်ယောက် ခင်မင်မှုကနေစတင်ပြီ ကိုယ့်ရဲ့ အနီးကပ်ဆုံးလူ၊ ကိုယ့်ဘေးမှာတစ်ချိန်လုံးရှိပြီး ပျော်ရွှင်ရင်လည်းအတူတူ ဝမ်းနည်းရင်လည်းအတူတူရှိပေးနိုင်တဲ့ အတွယ်တာရဆုံးအခြေအနေရောက်ဖို့ဆိုတာကလည်း ထင်သလောက်တော့ မလွယ်ကူပါဘူးနော်။ Relationship တစ်ခုမှာ ကိုယ့်အပေါ်တကယ်ချစ်မြတ်နိုးပြီး သစ္စာမပျက်ချစ်ပေးတဲ့လူတစ်ယောက်ကတော့ ဘဝမှာလိုချင်ကြတဲ့သူတွေကြီးပါ။ ကိုယ့်အပေါ်တကယ်ကောင်းပြီး တကယ်မေတ္တာရှိတဲ့ သူကရောဘယ်လိုမျိုးအချက်တွေကြောင့်သိနိုင်မလဲ။

လုံခြုံမှုပေးနိုင်ခြင်း 

သူနဲ့အတူရှိနေတဲ့အချိန်တွေဆို ကိုယ့်ရဲ့စိတ်လေးကလုံခြုံနေတယ် နွေးထွေးနေတယ်ဆိုရင် ဒီလိုတစ်ယောက်ရဲ့မေတ္တာကို ကိုယ်ကတကယ်ရလိုက်လို့ပါ။ ကိုယ့်ကိုတစ်ခြားသူတွေက တိုက်ခိုက်ချင်တာမျိုးဖြစ်ဖြစ်၊ စော်ကားချင်တာမျိုးဖြစ်ဖြစ် သူရှိနေတယ်ဆိုရင် ဒီလိုပြဿနာတွေက ငါအတွက်ဘာမှမဟုတ်ပါလားဆိုပြီး စိတ်လုံခြုံမှုကလည်း မိန်းကလေးတစ်ယောက်အတွက် အရမ်းအရေးပါတဲ့ ခံစားချက်လေးတစ်ခုပါနော်။

ကတိတည်ခြင်း 

ကတိတည်တာက ငါကိုလက်ထပ်မယ်တို့ စေ့စပ်မယ်တို့ကိုပြောဆိုနေတာမျိုးထက် ကိုယ့်ကဒီဟာလေးဖြစ်ချင်တာကို သူ့ကိုပြောပြဖူးတယ် သူကလည်းအဲ့တာကိုလုပ်ပေးမယ်ဆိုပြီး ကတိပေးထားတာမျိုးပေါ့နော်။ ကတိတည်တတ်တဲ့ ယောကျာ်းလေးတိုင်းကို မိန်းကလေးတိုင်းက တန်ဖိုးထားတတ်ကြပါတယ်။ ချိန်းထားတဲ့ အချိန်ရောက်လာတာမျိုးတို့ ဒီအချိန်မှာဒါလုပ်မယ်လို့ ကတိပေးထားရင် ဖြစ်အောင်လုပ်ပေးတာမျိုးလေးတွေပါ။

ပံ့ပိုးပေးနိုင်သူ

လူတိုင်းမှာ မတူညီတဲ့အိပ်မက်ကိုယ်စီရှိကြပါတယ်။ အိမ်မက်တွေကို အကောင်ထည်ဖော်ချင်တာကလည်း လူတိုင်းရဲ့ဆန္ဒပါ။ ကိုယ့်ကိုတကယ်ချစ်ပြီးတန်ဖိုးထားတဲ့သူက ကိုယ့်အိပ်မက်ကိုလည်း အတူတူအကောင်ထည်ဖော်ပေးဖို့ဝန်မလေးတတ်ကြပါဘူး။ ဒီလိုမှမဟုတ်ပဲ ကိုယ်ဘာလုပ်လုပ် အကောင်းမမြင်တတ်တဲ့သူမျိုးဆိုရင်တော့ လမ်းခွဲလိုက်တာက အကောင်းဆုံးဖြစ်နိုင်ပါတယ်။
Photo Source – Free.pik