ဖက်ရှင်တစ်ခုရဲ့ နောက်ကွယ်က စိတ်ပညာအကြောင်းဟာ စိတ်ဝင်စားစရာပါ။ အဝတ်အစားဟာ လူတွေပေါ် လွှမ်းမိုးမှုရှိတယ်ဆိုတာကို ကျွန်တော်တို့တွေဟာ အတော်အသင့်တော့ သိကြပါတယ်။ ဒါဆို ဘယ်လို ဩဇာလွှမ်းမိုးတာလဲ။ ဘာကြောင့် အဝတ်အစားတွေက အောင်မြင်မှုအတွက် အရေးပါတာလဲ။ အောင်မြင်မှု ရခြင်းနဲ့ ကိုယ်ဝတ်တဲ့ ဖက်ရှင်က ဘယ်လို ဆက်စပ်မှု ရှိတာလဲ။

(၁) အဝတ်အစားက သင့်နှုတ်ခမ်းတွေထက် အလုပ်ပိုလုပ်ပါတယ်

Female and male collegues working in office

Source: Freepik

သင်ဝတ်လိုက်တဲ့ အဝတ်အစားတွေက သင်မပြောပြတဲ့ သင့်အကြောင်းကို စကားဆိုနေပါတယ်။ အဝတ်အစားနဲ့ပဲ လူရဲ့ အဆင့်အတန်းနဲ့ စရိုက်သဘာဝကို အကဲခတ်လို့ ရတယ်ဆိုတဲ့ သဘောပါ။ လူတွေဟာ အဝတ်အစား ဝတ်ဆင်ပုံကို ကြည့်ပြီး မသိစိတ်နဲ့ရော သိစိတ်နဲ့ပါ တစ်ခြားသူတွေကို တန်ဖိုးဖြတ်ကြလို့ ဖြစ်ပါတယ်။

(၂) လူတွေရဲ့ အထင်အမြင်ကောင်းကို ရယူနိုင်တယ်

Businessman And Businesswoman Shaking Hands In Office

Source: Freepik

သပ်သပ်ရပ်ရပ် ဝတ်စားပြီး စကားပြောသူကို လူတွေက လေးလေးစားစား နားထောင်တတ်ပါတယ်။ အဝတ်အစားကို ကြည့်ပြီး သူတို့ စိတ်ထဲမှာ အဲ့ဒီလူပြောတာတွေကို နားထောင်ဖို့အတွက် အဆင်သင့်ဖြစ်နေတတ်ပါတယ်။လူတွေ Impress ဖြစ်ချင်ရင် အဝတ်အစားကို အဆင့်အတန်း ရှိရှိ ဝတ်ဖို့လိုပါတယ်။

(၃) မှတ်မိစေမယ်

Young business people working on laptop

Source: Freepik

လူတွေကြားမှာ အများနဲ့ ကွဲထွက်နေဖို့ ကိုယ့်ရဲ့ ဝတ်ဆင်ပုံက အထောက်အကူပြုပါတယ်။ ကိုယ့်ရဲ့ နာမည်ပြောလိုက်တာနဲ့ သူတို့ရဲ့ မျက်လုံးထဲမှာ ကိုယ်ဝတ်တတ်တဲ့ ဖက်ရှင်နဲ့တကွ တွဲပြီး မှတ်မိသွားစေမှာပါ။ လူတွေ မှတ်မိစေမယ့် အများနဲ့ မတူကွဲပြားတဲ့ ဖက်ရှင်ကို ကိုယ်ပိုင်စတိုင်အဖြစ် ဝတ်ဆင်တတ်ရင် ပိုပြီးလည်း ကိုယ်ဟာ ထင်ရှားလာမယ်။ လူတွေနဲ့ အလုပ်လုပ်နေသူဟာ ကိုယ့်ဖက်ရှင်ကြောင့် ကိုယ့်တန်ဖိုးတက်ဖို့က အရေးကြီးပါတယ်။

(၄) ခံစားမှု ပိုကောင်းလာမယ်

 female secretary in trendy glasses posing in office after meeting with colleagues.

Source: Freepik

အဝတ်အစားက လူရဲ့ စိတ်ကို ခြယ်လှယ်ပါတယ်။ စုတ်စုတ်ပြတ်ပြတ် ညစ်ညစ်ပတ်ပတ် ပေတူးနေတဲ့ အဝတ်အစားဝတ်ထားချိန်မှာ စိတ်ဟာ Negative ခံစားမှုတွေ ရှိနိုင်ပါတယ်။ အဝတ်အစားသန့်သန့်ပြန့်ပြန့် ကောင်းကောင်းမွန်မွန်လေး ဝတ်ထားချိန်မှာ ကိုယ့်ကိုယ်ကို လူသစ်တစ်ယောက်လို ခံစားရပါမယ်။

ယုံကြည်ရဲရင့်မှုအပြည့်နဲ့ သွားလာလုပ်ကိုင်နိုင်ပါတယ်။ အကြမ်းဖက်သမားဒီဇိုင်းဖက်ရှင် ဝတ်ထားသူဟာ စိတ်ထဲမှာ နည်းနည်းတော့ ခက်ထန်နေတတ်ပါတယ်။ ဒီလိုပါပဲ။ စူပါမန်းတံဆိပ်နဲ့ တီရှပ်ကို ဝတ်ထားသူကလည်း သူ့ကိုယ်သူ သန်မာကြံ့ခိုင်တယ်လို့ ခံစားမိတတ်ပါတယ်။ ဒါတွေကတော့ အဝတ်အစားရဲ့ စိတ်အပေါ် စိုးမိုးမှုကို နမူနာ ပြောပြတာပါ။

ဒါ့ကြောင့် ကိုယ့်လုပ်အားနဲ့ စွမ်းဆောင်ရည် ပိုကောင်းချင်တယ်ဆိုရင် ဖက်ရှင်ကိုလည်း ဖြစ်သလို ဝတ်စားလို့ မရပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ ရလဒ်ထွက်အောင် ကူညီပေးမယ့် လိုက်ဖက်ညီတဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်ဖို့ လိုပါတယ်။