ကိုယ်အလေးချိန်လျှော့ချဖို့ဆိုတာ သိပ်တော့ လွယ်ကူလှတဲ့အရာမဟုတ်ပါဘူး။ လေ့လာတွေ့ရှိမှုတွေအရ ကိုယ်အလေးချိန်လျှော့ချဖို့ဆိုရင် ကိုယ်နေ့စဉ်လုပ်နေတဲ့ ကိုယ့်အမူအကျင့်တချို့ကို ပြောင်းလဲဖို့လိုပါတယ်။ ဒါဆိုရင်တော့ ကိုယ်အလေးချိန်လျှော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် အရမ်းလည်း အားထုတ်စရာမလိုဘဲ ကိုယ်အလေးချိန်လျှော့ချပေးမယ့် နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ အသက်ပြင်းပြင်းရှုမယ်

အသက်ပြင်းပြင်းရှုတာဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး ကိုယ်အလေးချိန်လျှော့ချဖို့ အကူအညီပေးနိုင်ပါတယ်။

၂။ မနက်ခင်းမှာ အသီးအရွက်များများစားပေးပါ။

မနက်စာဟာ တနေ့တာလုံးအတွက် လိုအပ်တဲ့အားအင်တွေကို အများဆုံးပေးနိုင်တဲ့အရာပါ။ ဒါ့ကြောင့် မနက်စာကောင်းကောင်းစားပေးရပါမယ်။ ဗိုက်ပြည့်စေပြီး ကယ်လိုရီကျစေတဲ့အစားအစာ စားပါ။ အသီးအရွက်များများထည့်စားပါ။

၃။ ကိုယ်မတ်မတ်ထိုင်ပါ။

ခန္ဓာကိုယ်ကို ကုန်းကုန်းကြီးမထိုင်ဘဲ မတ်မတ်ထိုင်ပေးတာဟာ သင့်ကိုယ်အလေးချိန်လျှော့ချဖို့အကူအညီပေးနိုင်ပါတယ်။

၄။ အစပ်စားပါ

ပူပူ စပ်စပ်အစားအစာတွေဟာ ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။ အဆီတွေကိုကျစေပြီး ဇီဝဖြစ်စဉ်ကို မြင့်တက်စေပါတယ်။

၅။ အဆီကြော်တွေရှောင်မယ်

ဆီကြော်တွေကိုလုံးဝရှောင်ပေးပါ။ မတတ်သာလို့စားမယ်ဆိုရင်လည်း အဆီစုပ်စက္ကူနဲ့ အဆီကိုသေချာစစ်ပြီး နည်းနည်းလောက်ပဲစားပါ။ အဆီကြော်ကိုလုံးဝရှောင်ပေးလိုက်ရင် သင့်ကိုယ်အလေးချိန် သိသိသာသာ လျော့ကျသွားပါလိမ့်မယ်။

၆။ မှန်ရှေ့မှာ ထမင်းစားမယ်။

မှန်ကိုရှေ့မှာ ချပြီးထမင်းစားရင် အစားများများ စားမိတာကို ကာကွယ်ပေးပါတယ်။ အစာကို ဖြည်းဖြည်းမှန်မှန်ဝါးဖို့ ကူညီပေးပါတယ်။

၇။ လှေကားအသုံးပြုပါ။

ဓာတ်လှေကား၊ စက်လှေကားကို အသုံးမပြုဘဲ ရိုးရိုးလှေကားနဲ့ အတက်အဆင်းလုပ်တာဟာ ကိုယ်အလေးျခိန်ကျစေပါတယ်။

၈။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရအောင်

အဆီတွေကိုလောင်ကျွမ်းစေဖို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကျစ်လျစ်လှပစေဖို့နဲ့ ကျန်းမာစေဖို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

၉။ အစာမစားခင် ရေ ၂ ခွက်သောက်မယ်

အစာမစားခင်ရေ ၂ ခွက်လောက်သောက်ပေးတာဟာ အစားများများစားမိတာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဗိုက်ပြည့်စေပြီး ကယ်လိုရီပိုလောင်ကျွမ်းစေပါတယ်။

၁၀။ လမ်းလျှောက်ပါ

ကိုယ်လက်လေ့ကျင့်ခန်းအတွက် တကူးတက အချိန်မပေးနိုင်ရင်တောင် ဟိုနား ဒီနားသွားတဲ့အခါ လမ်းလျှောက်ပေးပါ။ လမ်းဖြည်းဖြည်းလျှောက်ရင် တစ်နာရီကို ကယ်လိုရီ ၂၅၀ ကျော်လောင်ကျွမ်းစေပါတယ်။ လမ်းကို မှန်မှန်နဲ့ မြန်မြန်လျှောက်ရင်တော့ ၁နာရီကို ကယ်လိုရီ ၄၀၀ နီးပါး လောင်ကျွမ်းစေပါတယ်။

၁၁။ ပန်းကန် (သို့) ခွက်အသေးနဲ့ပြောင်းစားပါ

ခွက်အကြီးနဲ့ နည်းနည်းထည့်စားတာထက် ခွက်သေးသေးထဲ နည်းနည်းထည့်စားပါ။ခွက်အပြည့်ဖြစ်နေတယ်လို့ ခံစားရစေပြီး အစားများများစားမိတာကိုလည်းကန့်သတ်ပြီးသားဖြစ်သွားပါတယ်။

၁၂။ ဖြည်းဖြည်းနဲ့မှန်မှန်ဝါးပါ

အစားတစ်လုတ်ကို အနည်းဆုံး အကြိမ် ၄၀ လောက်ဝါးပေးပါ။ ဖြည်းဖြည်းနဲ့ မှန်မှန်ဝါးပါ။

၁၃။ တခုခုကို စောင့်နေချိန် မတ်တပ်ရပ်ပါ

ဘတ်စ်ကားစောင့်တာဖြစ်ဖြစ် ရထားစောင့်တာပဲဖြစ်ဖြစ် တစ်ခုခုကို စောင့်နေချိန်မှာ မတ်တပ်ရပ်ပေးပါ။ မတ်တပ်ရပ်ပေးတာဟာ ထိုင်တာထက် ကယ်လိုရီပိုလောင်ကျွမ်းစေပါတယ်။

၁၄။ ရေနွေးနဲ့ ရေချိုးပါ

ရေနွေးနဲ့ ရေချိုးပေးတာဟာ ကိုယ်လက်ကျန်းမာရေးအတွက်ကောင်းသလို တချိန်တည်းမှာပဲ ကယ်လိုရီကို လောင်ကျွမ်းစေတယ်လို့ဆိုပါတယ်။