ချစ်သူဆိုတာ တစ်ယောက်ကိုယ်တစ်ယောက် ချစ်နေရုံတင်မကပါဘူး။ အပြန်အလှန်လေးစားမှုနဲ့ တစ်ဦးကိုယ်တစ်ဦး နားလည်မှုရှိဖို့လိုပါတယ်။

လူတိုင်း သူတို့ရဲ့ ထင်မြင်ယူဆချက်တွေ ခံစားချက်တွေကို ခံစားနားလည်ပေးနိုင်မယ့် သူတစ်ယောက်တော့ အလိုရှိကြပါတယ်။ ဒီလိုမှ တစ်ယောက်ကိုယ်တစ်ယောက်အပြန်အလှန်လေးစားမှု မရှိဘူး။ တစ်ယောက်ခံစားချက်ကို တစ်ယောက် နားမထောင်ပေးဘူးဆိုရင်တော့ အချစ်ရေးဟာ ရေရှည်အဆင်ပြေမှာမဟုတ်ပါဘူး။

ကိုယ့်ချစ်သူကိုယ့်အပေါ်မှာ လေးစားမှုမရှိဘူးဆိုတာ ဘယ်လိုသိနိုင်မလဲ။

သင်ပြောတာတွေကို နားမထောင်ဘူး။

Source: Wedding affair

သင်ဘာပြောပြော သူသင်ပြောတဲ့စကားတွေကို လေးလေးစားစားနားမထောင်ဘူး။ သင်စကားပြောရင် ကြားဖြတ်ပြောတာ သင်ပြောတဲ့စကားတွေကို သဘောမတူတာတွေဟာ သင့်အပေါ်သူ လေးစားမှုမရှိတဲ့ လက္ခဏာရပ်တွေဖြစ်ပါတယ်။

သင့်မိသားစုတွေအကြောင်း မကောင်းပြောတယ် (သို့) အနုတ်သဘောဆောင်တဲ့ပုံပြောတယ်

Source: wrbzradio.com

ယောက္ခမ ယောက္ခထီး ယောင်းမ ယောင်းဖ စတဲ့ ချစ်သူနဲ့ပတ်သတ်လို့ တော်ရမယ့်အမျိုးတွေကို အမှန်တကယ်ချစ်ဖို့ဆိုတာတော့ ခက်ခဲပါတယ်။ ဒါပေမယ့်လည်း သူတို့အပေါ်မှာ လေးစားမှုတော့ရှိရမှာပါ။ သင့်မိသားစုအကြောင်းလည်း မကြာခဏဆိုသလို မကောင်းတာတွေပဲ ပြောနေတယ်ဆိုရင် သူသင့်အပေါ် လေးစားမှုမရှိတာပါပဲ။

အမြဲတမ်းစိတ်ရှုပ်ထွေးတယ်

Source: Business Insider

သင်နဲ့ပတ်သတ်ရင် ခဏခဏ စိတ်ရှုပ်တတ်တာကို ပြလာတယ်ဆိုရင် သင့်အပေါ်သူ စိတ်ကုန်နေပြီ လေးစားမှုမရှိဘူးဆိုတာကို ပြသတာပဲဖြစ်ပါတယ်။

သင့်အပေါ် ကြင်နာခြင်းမရှိဘူး

Source: anxiety.org

သင့်ချစ်သူဟာ သင့်အပေါ် ကြင်နာခြင်းမရှိဘူးဆိုရင်တော့ အခြေခံအားဖြင့် သင့်ခံစားချက်နဲ့ သင့်အပေါ် မလေးစားတာပါပဲ။

သင့်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်တယ်

Source: extra.ie

လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိကြပါတယ်။ သင့်အမှားလုပ်တိုင်း သင့်ကိုအားမရတိုင်း တခြားသူတွေနဲ့ မကြာခဏဆိုသလို နှိုင်းယှသ်တတ်တယ်ဆိုရင် သင့်အပေါ်သူ မလေးစားတာပါပဲ။

သင့်ကိုလှောင်ပြောင်တယ်

Source: RePose Therapy

သင့်ကို လူရှေ့သူရှေ့မှာ ပျော်စရာအဖြစ် လျှောင်ပြောင်ပြောဆိုတယ်ဆိုတာ သင့်အပေါ်သူ လေးစားမှုမရှိလို့ပါပဲ။

သင့်အပေါ် တခါမှ မချီးကျူးဘူး

သင်လုပ်သမျှတွေကို မချီးကျူးဘူး သင့်ကို တခါမှ အကောင်းမပြောဘူးဆိုတာ သင်အပေါ် သူမလေးစားတာပါပဲ။

သင့်ကို ခြိမ်းခြောက်စကားပြောတယ်

Source: Cooperative Therapy

သင့်ကို အမြဲတမ်း စိတ်ဆိုးလာရင် ကြမ်းတမ်းတဲ့စကား ခြိမ်းခြောက်တဲ့ စကားတွေ ပြောလေ့ရှိပါတယ်။

စာဖတ်သူချစ်သူတို့ရော အခုလို လက္ခဏာရပ်မျိုးတွေရှိနေတယ်ဆိုရင် စာဖတ်သူတို့ အချစ်ရေး ရေရှည်အဆင်ပြမယ်လို့ ထင်ပါသလား။ အချစ်မှာ အချစ်အပြင် နားလည်မှု ၊ လေးစားမှု တွေ လိုအပ်မယ်လို့ စာရေးသူတော့ မြင်မိပါတယ်။