တစ်ချို့သူတွေက သူတို့ချစ်တဲ့လူတွေကို ချစ်တယ်လို့  မကြာခဏပြောလေ့မရှိကြဘူး။ ဒါပေမယ့် သူချစ်နေတာကိုတော့ သူပဲသိတယ်။ ငါ့ချစ်သူငါ့ကိုမှ ချစ်ရဲ့လားဆိုတဲ့ သံသယဝင်ကောင်းဝင်နိုင်ပါတယ်။

ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ကိုယ်ချစ်ရတဲ့ချစ်သူက ချစ်တယ်လို့ မကြာခဏမပြောရင်တောင် သူ ကိုယ့်ကိုချစ်နေလား မချစ်ဘူးလားဆိုတာကို အခုဆောင်းပါးမှာပါတဲ့ အချက်တွေနဲ့ သိနိုင်ပါတယ်။

သင့်ရဲ့လိုအပ်ချက်ကို ရှေ့တန်းတင် ဦးစားပေးတယ်

သင်ချစ်ရတဲ့ ချစ်သူက ရိုဆန်တဲ့ စာတွေရေးပို့တာ ပြီးတော့ တိုးတိုးလေးအနားကပ်ပြီး ချစ်တယ်လို့ ပြောလေ့ရှိတဲ့သူ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် သူဟာ သင့်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် သူ့ရဲ့နေ့စဉ်ဘဝကို ချိန်ညှိမှုတွေ ပြုလုပ်ပါလိမ့်မယ်။ ဒါကို သူက အချစ်တစ်ခုအနေနဲ့ ဖော်ပြပါလိမ့်မယ်။

အနာဂတ်အကြောင်း မကြာခဏပြောမယ်

လူအများစုက ကိုယ်ချစ်ရတဲ့သူနဲ့ အနာဂတ်အကြောင်းတွေကို တွေးဖြစ်ကြပါတယ်။ အကယ်၍သင့်ချစ်သူက သင်တို့နှစ်ယောက်ရဲ့ အနာဂတ်အကြောင်း မကြာခဏပြောနေတယ်ဆိုရင် ဒါဟာ သင်အပေါ်ဘယ်လောက်ထိ ချစ်လဲဆိုတာကို ပြနေတာပါပဲ။

ချစ်တယ်လို့ မကြာခဏမပြောပေမဲ့ ဒီအချက်က သူ့ရဲ့အိပ်မက်တွေကို တူတူမျှဝေရင်း အချစ်တွေကို ဖော်ပြနေတာပါ။

သူ့ရဲ့သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးမယ်

လူတွေက သူငယ်ချင်း မိသားစုဝင်တွေနဲ့ အတူရှိနေရတာကို နှစ်သက်သဘောကျကြတယ်။ ပြီးတော့ ကိုယ်တကယ်ချစ်မြတ်နိုးပါတယ်ဆိုတဲ့ လူဖြစ်မှသာ ကိုယ်တန်ဖိုးထားရတဲ့ သူငယ်ချင်း မိသားစုဝင်တွေနဲ့ မိတ်ဆက်ပေးလေ့ရှိပါတယ်။

အကယ်၍ သင့်ချစ်သူက သူ့ရဲ့ သူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့ မကြာခဏတွေ့ဆုံဖို့ စီစဉ်ပေးနေတယ်ဆိုရင် ဒီအချက်ကကောင်းတဲ့ အချက်တစ်ခုပါပဲ။

သူ့ရဲ့အကြောက်ဆုံးအရာကို ထုတ်ပြောမယ်

သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ဖွယ်ရာ အကြောင်းအရာတွေ မျှဝေရတာက ကိစ္စမရှိပေမယ့် တကယ့်အတွင်းထဲက အကြောက်တရားတွေကို မျှဝေတော့မယ်ဆိုရင် တွန့်ဆုတ်တက်ကြတာ လူ့သဘာဝပါပဲ။ ဒီအကြောင်းအရာတွေကို တကယ်ချစ်ရတဲ့သူ တကယ်ကိုယ့်ဘဝအတွက် အရေးကြီးတဲ့လူတွေကိုမှ ထုတ်ပြောဖို့ သက်သောင့်သက်သာရှိတာပါ။

တကယ်လို့ သင်သာ ချစ်သူရဲ့ အတွင်းစိတ်ထဲက အကြောက်ဆုံး အရာကို သိနေပြီဆိုရင် ဒါဟာ သင့်အနေနဲ့ ချစ်သူရဲ့ နှလုံးသားကို သိမ်းပိုက်ထားပြီလို့ ကောက်ချက်ချနိုင်ပါတယ်။