တစ်ယောက်ယောက်နဲ့ တွဲနေပြီလား။ သူ့ကိုရော တကယ်ချစ်လား။ ဒါမှမဟုတ် ကြိုက်ပဲကြိုက်တာလား။ ကြိုက်တာနဲ့ချစ်တာမှာ မတူညီတဲ့အချက်တွေ အများကြီးရှိပါတယ်။ ကောင်လေးကို ချစ်တာလား ကြိုက်တာလား မသဲကွဲဖြစ်နေပြီလား။ စိတ်မပူပါနဲ့။ တစ်ယောက်ယောက်ကို ချစ်မိနေပြီဆိုတာသေချာစေတဲ့ အချက်တွေကို အလင်းပြပေးမှာပါ။

အချိန်တွေမေ့လာမယ်

Image by Trương Hoàng Huy Ngân from Pixabay

ကိုယ်ချစ်တဲ့သူနဲ့ အတူနေရရင် အချိန်တွေကုန်မှန်းမသိ ကုန်သွားကြပါတယ်။ နှစ်ယောက်အတူ ရှိမနေရင်တောင်မှ တစ်ယောက်နဲ့တစ်ယောက် စာတိုတွေပို့ကြတယ် ဖုန်းတွေပြောကြတဲ့အချိန်မှာလည်း ဘယ်အချိန်ရှိနေပြီလဲဆိုတာ မေ့လာပါမယ်။ သူနဲ့ အချိန်ဖြုန်းလေလေ ကိုယ့်ရဲ့အချိန်တွေကို သူနဲ့ပဲကုန်ဆုံးချင်လေလေ ဖြစ်လာပါလိမ့်မယ်။

အရင်ကထက်ပိုတက်ကြွနေမယ်

Photo by Joshua Chun on Unsplash

ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ အရင်ကထက်ပိုပြီး တက်ကြွနေတယ်ခံစားနေရပြီလား။ တစ်ယောက်ယောက်ကို တကယ်ချစ်မိနေပြီဆိုရင် ဒီခံစားချက်မျိုး ခံစားရတတ်ပါတယ်။ လုပ်ငန်းခွင်တွေမှာလည်း အရင်ကထက် ပိုပြီးတော့ တတ်ကြွနေမှာပါ။ ကိုယ်တိုင်ဒါတွေကို သတိမထားမိပေမယ့် အနားမှာရှိတဲ့လူတွေက ဒါကိုသတိထားမိနေပါလိမ့်မယ်။

သူ့ကိုဦးစားပေးလာမယ်

Photo by Tron Le on Unsplash

ကိုယ့်ရဲ့ပျော်ရွှင်မှုထက် သူ့ရဲ့ပျော်ရွှင်မှုကို ဦးစားပေးရွေးချယ်ပေးလာမယ်။ အပြင်မှာ တစ်ယောက်ထဲ တခုခုစားနေပြီဆိုရင်တောင် သူ့ကိုချက်ခြင်းသတိရလာမယ်။ သူနဲ့သွားတွေ့ရမယ်ဆိုရင် သူငယ်ချင်းတွေနဲ့ ချိန်းထားတာတွေ မသွားတော့ဘူး။ အဝတ်အစားလှလှလေးတွေတွေ့ရင် သူ့အတွက်ဝယ်ပေးလာမယ်။ ဒါဆိုရင်တော့ သေချာနေပါပြီ။

သူပို့ထားတဲ့စာတိုလေးတွေ ပြန်ဖတ်မိနေမယ်

Photo by Chiến Phạm on Unsplash

အရင်တုန်းကပို့ထားတဲ့ စာတိုလေးတွေ ဒါမှမဟုတ် သူနဲ့အရင်ကရိုက်ထားတဲ့ ပုံလေးတွေကို ခဏခဏပြန်ကြည့်မိနေမယ်။ အလုပ်အားပြီဆိုတာနဲ့ သူ့ပုံလေးတွေ သူတင်ထားတဲ့ ပို့စ်လေးတွေပဲ ထိုင်ဖတ်မိနေပြီဆိုရင်တော့ သူ့ကိုချစ်မိနေပြီဆိုတာ သေချာနေပါပြီ။

သူ့အကြောင်းပိုသိချင်လာမယ်

Photo by Miriam Alonso

တစ်ယောက်ယောက်ကို ချစ်မိနေပြီဆိုရင် သူတို့အကြောင်းတွေ သိချင်လာတတ်ပါတယ်။ သူဘာကြိုက်တတ်လဲ။ ရုပ်ရှင်ကြည့်ရတာဝါသနာပါလား။ သူ့အကြိုက်ဆုံးပန်းကဘာပန်းလဲ။ သူ့ရဲ့အကြိုက်ဆုံး သရုပ်ဆောင်ကဘယ်သူဖြစ်မလဲ စသဖြင့် သိချင်လာပါလိမ့်မယ်။ သူ့ရဲ့ အနာဂတ်ရည်မှန်းချက်တွေ ကလေးဘဝတုန်းက အကြောင်းအရာတွေ စသဖြင့် အကုန်လုံးကို သိချင်လာပါလိမ့်မယ်။

ဒီအချက်တွေ တော်တော်များများရှိနေပြီဆိုရင်တော့ သင့်အနေနဲ့ သူ့ကိုတကယ်ချစ်မိနေပြီဆိုတာ လက်ခံလို့ရပါပြီ။

Featured Photo by Phil Nguyen