တချို့က ဓာတ်ပုံရိုက်ဖို့ ကင်မရာရှေ့ရောက်သွားရင် လူက‌တောင့်သွားပြီး ဘယ်လိုပြုံးလို့ပြုံးရမှန်းမသိ ဖြစ်တတ်ပါတယ်။ ဒီတော့ ဓာတ်ပုံရိုက်တိုင်း လှပြီးသဘာဝဆန်တဲ့ အပြုံးတွေရနိုင်ဖို့ ဒီလိုလေးတွေ လုပ်ကြည့်ပါ။

အပြုံးလေ့ကျင့်ပါ

အရင်ဆုံး မှန်ရှေ့မှာ အမျိုးမျိုးပြုံးကြည့်ပါ။ ဒါမှ ဘယ်လိုပုံစံက ကိုယ်နဲ့လိုက်လည်းဆိုတာ သိမှာပါ။

ပျော်စရာကိုတွေးလိုက်ပါ

ပျော်စရာကောင်းတဲ့အရာတစ်ခုခုကို တွေးလိုက်ရုံနဲ့ သင့်မျက်နှာက သဘာဝအတိုင်း ပြုံးနေပါလိမ့်မယ်။

သွားပေါ်အောင်ရယ်လိုက်ပါ

သွားပေါ်အောင်ပြုံးလိုက်တာကလည်း ဓာတ်ပုံထဲမှာ သင့်ကိုလှနေစေမှာပါ။

သွားမပေါ်အောင်ပြုံးကြည့်ပါ

သွားမပေါ်ဘဲ နှုတ်ခမ်းလေးစိပြီးပြုံးတာကလည်း တမျိုးလေးလှပါတယ်။

ရယ်လိုက်ပါ

ဘယ်လိုပြုံးရမလဲဆိုတာ မသိရင် သဘာတအတိုင်း အားရပါရရယ်လိုက်ပါ။ ဒါဟာ ပျော်ရွှင်ပြီး ယုံကြည်မှုအပြည့်ရှိတဲ့ အပြုံးတွေကို ရရှိဖို့ သဘာဝအရှိဆုံးနည်းလမ်းတစ်ခုပါပဲ။