တစ်နေရာသွားတော့မယ်ဆို ဒီဘောင်းဘီနဲ့အင်္ကျီနဲ့က မလိုက်ပြန်ဘူးတို့ ဘာဘောင်းဘီမျိုးကို ရွေးချယ်ရမယ်မှန်းမသိတာမျိုးတို့က မိန်းကလေးတိုင်းကြုံဖူးမယ်ထင်ပါတယ်။ Chubby Body ပိုင်ဆိုင်ထားတဲ့ဆိုတဲ့အတိုင်း ဒီဘောင်းဘီဆိုငါနဲ့လိုက်ပါမလား အဆင်ရောပြေရဲ့လားဆိုပြီး စိုးရိမ်စိတ်တွေရှိတတ်ကြပါတယ်။ Jeans Pants တွေဆိုတဲ့အတိုင်း ဝတ်ရတာလည်း သက်တောင့်သက်သာဖြစ်နေဖို့တော့လိုအပ်ပါတယ်။ တစ်ချို့ကောင်မလေးတွေက Online Shop တွေကနေတစ်ဆင့်ဝယ်ယူတဲ့အခါမှာ ဘယ်Jeans Pants အမျိုးအစားက ကိုယ်နဲ့ပိုလိုက်ဖက်ပြီး ဘယ်လိုအင်္ကျီမျိုးနဲ့တွဲဝတ်လို့ရတယ်ဆိုတာ သိထားရင် ပိုပြီးတော့ရွေးချယ်ရပိုလွယ်တာပေါ့။

Skinny Jeans 

Skinny Jeans ဝတ်တာ Chubby Body Type အတွက်ရှက်စရာမဟုတ်ပါဘူး။ တစ်ချို့သူတွေကလည်း Skinny Jeans ဝတ်ထားရင် တင်ကကြီးသွားတယ်လို့ခံစားရတယ်ဆိုတဲ့အတွေးတွေကို ဖျောက်လိုက်တော့နော်။ တကယ်တော့ Skinny Jeans ဝတ်ခြင်းအားဖြင့် ကိုယ့်ရဲ့ပေါင်တန်လေးကိုလည်းသွယ်လျားစေပြီး အသားကိုလည်းပိုပြီးကျစ်စေပါတယ်။ T shirt နဲ့ပဲတွဲဝတ်ဝတ် Blouse နဲ့ပဲတွဲဝတ်ဝတ်အရမ်းလည်း ခေတ်မဆန်လို အရမ်းလည်းအမြင်မရိုင်းပါဘူးနော်။

Wide Leg Pants 

ဒီPants အမျိုးအစားကတော့ ပွပွယွယွဝတ်ရတာကိုကြိုက်တဲ့ မိန်းကလေးတွေအတွက်ဆို မစိမ်းတဲ့Pants အမျိုးအစားဖြစ်ပါတယ်။ ဝတ်ရတာလည်း အရမ်းကိုလူငယ်ဆန်ပြီး ပေါ့ပေါ့ပါးပါးရှိပါတယ်။ Wide Leg Pants ကိုမှကိုယ်က Retro ဆန်ဆန်လေးဝတ်ရတာကို သဘောကျတယ်ဆိုရင်တော့ အင်္ကျီအထဲကထည့်ပြီး ခါးပတ်လေးတွေနဲ့လည်း ဝတ်ဆင်လို့ရပါတယ်။

Mom Jeans 

Mom Jeans တွေကလည်း Wide Leg Pants တွေလိုပဲအပေါ်ပိုင်းလေးတွေက ပွပွလေးတွေဖြစ်ပြီးတော့ အောက်ပိုင်းကိုတော့နည်းနည်းလေး ကျဥ်းသားတဲ့ပုံစံလေးဖြစ်ပါတယ်။ 9၀ ရာစုမှစတင်ပြီး ခေတ်စားခဲ့တဲ့ Pants အမျိုးအစားလည်းဖြစ်ပါတယ်။ အမေတို့ခေတ်တုန်းက အမေတို့မဝတ်ဖြစ်တော့တဲ့  Jeans Pants လေးတွေကိုရှာပြီးဝတ်ကြနော်။

Photo Source – Pinterest