မျက်နှာပေါ်က အမည်းစက်တွေဆိုတာက အလှကြိုက်တဲ့ မိန်းကလေးတိုင်းအတွက်တော့ အကြီးမားဆုံးရန်သူတွေထဲက တစ်ခုပါပဲ။ ဒီအမည်းစက်တွေကို မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့အတွက် ဒီအချက်တွေကို လိုက်နာသင့် ပါတယ်။

Sunscreen

နေပူထဲမထွက်ခင် SPF 30 နဲ့ အထက်ရှိတဲ့ Sunscreen လိမ်းပေးပါ။ အပြင်မှာ 3-4 နာရီထက်ပိုနေမယ်ဆို နောက်တစ်ခေါက် ထပ်လိမ်းပေးပါ။

Vitamin A

မုန်လာဥနီ၊ ဆလတ်ရွက်၊ ဘရိုကိုလီ၊ အနီရောင် ငရုတ်သီးအနီနဲ့ ကန်စွန်းဥတို့လို ဗီတာမင် A နဲ့ Antioxidants ကြွယ်ဝတဲ့ အစားအစာများကို စားပေးပါ။

Vitamin C

လိမ္မော်သီးလိုမျိုး ဗီတာမင် C ကြွယ်ဝတဲ့အစားအစာတွေက ခရမ်းလွန်ရောင်ခြည်ကြောင့် ပျက်စီးဆုံးရှုံးမှုကို လျှော့ချပေးပြီး အမဲစက်များကို လျော့ပါးစေတဲ့အပြင် အသားအရေကို ကျန်းမာစေတာမလို့ များများစားပေးသင့်ပါတယ်။

Vitamin B12

ဗီတာမင် B12 အတွက် ကြက်ဥ၊ အသည်းနဲ့ သိုးသားတို့ကို စားပေးပါ။ သက်သက်လွတ်စားတဲ့သူဆိုရင်တော့ ဗီတာမင် Supplement စားပေးပါ။

Water

အသားအရေကို နုပျိုစေပြီး အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ရေများများသောက်ပါ။ နွေရာသီမှာ အနည်းဆုံး 2-3 လီတာ သောက်သင့်ပါတယ်။