ကိုယ့်ရဲ့ဆံပင်က ကြမ်းတမ်းခြောက်သွေ့ပြီး ပျက်စီးနေလို့ စိတ်ညစ်နေရပါသလား။ ဆံကေသာ ပြန်လည်ကျန်းမာသန်စွမ်းလာဖို့ရန်အတွက် ပန်းသီးရှာလကာရည် က ကူညီပေးနိုင်ပါတယ်။

ဆံကေသာအတွက် ပန်းသီးရှာလကာရည် အသုံးပြုပေးခြင်းအားဖြင့် ဆံကေသာကို ပိုးသားလေးလို နူးညံ့ကာ တောက်ပြောင်သွားစေမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဦးရေပြားကို သန့်စင်ပေးပြီး ဗောက်များကိုလည်း ရှင်းပေးပါလိမ့်မယ်။

အထက်ဖော်ပြပါ ကောင်းကျိုးများကို ရရှိဖို့ရန် ဆံကေသာအတွက် ပန်းသီးရှာလကာရည်ကို ဘယ်လိုအသုံးပြုရမလဲဆိုတော့ …

နည်းလမ်း (၁)

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၃ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်းဖြင့် ထပ်မံရောမွှေလိုက်ပါ။

ထို့နောက် သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ပေါင်းထည့်ကာ သမအောင် ထပ်မွှေပါ။ ထို့နောက် ဦးရေပြားနှင့် ဆံကေသာပေါ် လိမ်းကျံပေးလိုက်ပါ။ ၁၅ မိနစ်ခန့် ပေါင်းတင်ပြီးတဲ့နောက်မှာတော့ ရိုးရိုးရေဖြင့် ဆေးချလိုက်လို့ရပါပြီ။

ခေါင်းလျှော်ရည် သုံးစရာမလိုအပ်ပါဘူး။ မြန်ဆန်တဲ့ထိရောက်မှုကို လိုချင်တယ်ဆိုရင်တော့ ၁၅ ရက်အတွင်း တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။

နည်းလမ်း (၂)

ပန်းကန်လုံးတစ်လုံးထဲတွင် ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၄ ဇွန်းခန့် ထည့်ထားလိုက်ပါ။ အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ရေ စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ပါ။

သမအောင် ရောမွှေပြီးသွားတဲ့အခါမှာတော့ ဦးရေပြားနှင့် ဆံကေသာအပေါ် လိမ်းကျံပေးလိုက်ပါ။ မိနစ် ၂၀ ခန့် ပေါင်းတင်ပြီးတဲ့နောက်မှာတော့ ရိုးရိုးရေဖြင့် ဆေးချလိုက်လို့ရပါပြီ။

ဒီနည်းလမ်းကို အသုံးပြုချင်တယ်ဆိုရင်တော့ တစ်ပတ်လျှင် တစ်ကြိမ်ခန့် အသုံးပြုပေးရင် လုံလောက်ပါပြီ။

နည်းလမ်း (၃)

ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇါန်း ၃ ဇွန်းဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထပ်ထည့်ပါ။

Rosemary အဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထပ်ထည့်ပါ။ ပါဝင်ပစ္စည်းများကို သမအောင် မွှေပြီးသွားတဲ့နောက်မှာတော့ ဦးရေပြားနှင့် ဆံကေသာပေါ်တွင် သမအောင် လိမ်းကျံပေးလိုက်ပါ။

မိနစ် ၃၀ ခန့်ပြည့်သွားတဲ့အခါ ခေါင်းလျှော်ရည် အသုံးပြုကာ ခေါင်းလျှော်ချလိုက်ပါ။ Conditioner အသုံးပြုဖို့လည်း မမေ့ပါနဲ့။ ဒီနည်းလမ်းကိုတော့ နှစ်ပတ်လျှင် တစ်ကြိမ်ခန့် အသုံးပြုပေးရုံဖြင့် လုံလောက်ပါပြီ။